Parallel
Part 4နာမည်ကြီး brand shop ထဲမှာ ခါအီ ရောက်နေတာဖြစ်သည်။ ရွိုင်းဝတ်တဲ့ အင်္ကျီ က ပြီးခဲ့တဲ့နှစ် နွေဦး collection ထဲကဖြစ်သည်။Display ထဲမှာမတွေ့သောကြောင့် လိုချင်သော code နဲ့ အရောင်ကို သေချာပြောပြီး ပြန်ရှာခိုင်းထားရသည်။ တကယ်လို့သာ ရှာမတွေ့ခဲ့ရင် စက်ရုံအထိ လိုက်ဖို့ ခါအီက ဆုံးဖြတ်ထားပြီးသားဖြစ်သည်။ လိုချင်တာရှိရင် မရရတဲ့နည်းနဲ့ ယူတတ်တာ သူ့အကျင့်ပင်။ ခါအီက စိတ်ရှည်သည်၊ စိတ်အေးအေးထားပြီး အရာရာကို သူ့အပိုင်ဖြစ်လာအောင် လုပ်တတ်သည်။ သွေးမဆူတတ်သလို ဒေါသထွက်တာလည်း မရှိသလောက်ဖြစ်သည်။
"လူကြီးမင်းလိုချင်တဲ့ Item Size M နဲ့ရှိပါသေးတယ်"
"Thanks God....
ကျေးဇူးတင်ပါတယ် ငွေရှင်းမယ်နော်""ဟုတ်ကဲ့ ကောင်တာမှာရှင်းပေးပါရှင်"
အရောင်းဝန်ထမ်းလက်ထဲက ဖြူဖွေးနေသော အင်္ကျီလေးကိုကြည့်ပြီး အလိုလိုပြုံးမိသည်။ ရွိုင်းက အဲ့ဒီအင်္ကျီအဖြူလေးနဲ့တော်တော်ကြည့်ကောင်းတာဖြစ်သည်။ ငွေရှင်းပြီး သပ်ရပ်စွာထုတ်ပိုးထားသော အထုတ်ကိုယူကာ ဒီဇိုင်းကုမ္ပဏီသို့ ဦးတည်ထွက်ခဲ့သည်။ ခပ်တည်တည်နေတတ်တဲ့ မျက်နှာလေးကို မြင်ရဖို့မစောင့်နိုင်တော့ပေ။
➖
ကုမ္ပဏီအောက်မှာ ကားရပ်လိုက်ပြီး တာဝန်ခံရုံးခန်းဆီ အရင်သွားရန် ဆုံးဖြတ်လိုက်သည်။ ရွိုင်းကိုတွေ့ရဖို့က အဓိကပေမဲ့ အလုပ်ကိစ္စကလည်းရှိနေသေးတော့ photoshoot အတွက် အရင်ပြောပြီးမှ ရွိုင်းကို အင်္ကျီပေးရင်း ကံကောင်းရင် နေ့လည်စာတွေဘာတွေ တူတူစားလို့ရနိုင်ဖို့တွေးထားသည်။ တာဝန်ခံရုံးခန်းမှာ photoshoot အတွက် အကြံပေးချင်တာများကို ပြောပြီးနောက် ခါအီပြန်ထွက်လာတော့ တာဝန်ခံကလိုက်ပို့သည်။ မှန်ခန်းများကိုဖြတ်လျှောက်လာသော်လည်း သူမြင်ချင်သော မျက်နှာလေးကိုမတွေ့။
"ဒီဇိုင်နာ ရွိုင်းကိုမတွေ့ပါလား"
တာဝန်ခံက ခါအီကို နားမလည်သလို ပြန်မော့ကြည့်သည်။
"ရွိုင်းလေ...ဒီဇိုင်နာဆိုတာ..."
"ဪ ဟုတ် ရွိုင်းတို့က နေ့တိုင်းအလုပ်မဆင်းဘူး
နှစ်ရက်ခြား သုံးရက်ခြား ဆင်းကြတာမို့လို့...ဒါနဲ့ ခါအီက ရွိုင်းနဲ့သိတာလား"
YOU ARE READING
|| P A R A L L E L ||
Fanfictionမျဉ်းပြိုင်နှစ်ကြောင်းဟာ နီးကပ်နေသလောက် ဆုံမှတ်မရှိဘူး ခင်ဗျားနဲ့ကျွန်တော်ဟာ မျဉ်းပြိုင်.... (Unicode + Zawgyi)