Parallel
Part 13နာကျင်မှုများနှင့် စွန့်ခွာခဲ့သော မွေးရပ်မြေကို နှစ်နှစ်အကြာမှ ပြန်လည်ခြေချခြင်းဖြစ်သည်။ ဒီတစ်ခါတွင်တော့ ဒဏ်ရာတွေကို မေ့ပျောက်စေခဲ့သူက အနားမှာရှိနေခဲ့ပြီ။ ဂျုံအင်က တကယ်ကို သူပြောထားသည့်အတိုင်း အရာအားလုံးကိုထားခဲ့ပြီး ဂျောင်ဆူးနောက်ကို လိုက်လာခဲ့သည်။ တစ်သက်တာအတွက် ဘာအာမခံချက်မှ မပေးနိုင်သည့် ဂျောင်ဆူးနောက်ကို ဒီလူက ဘယ်လိုယုံကြည်မှုနဲ့များ လိုက်လာခဲ့လဲ မမေးတော့ပါ။ ဂျောင်ဆူးနောက်လိုက်ခဲ့ခြင်းအပေါ် နောင်တ တစ်စုံတစ်ရာမှ မရှိသည့်နှယ် ခါအီက တက်ကြွနေတော့တာဖြစ်သည်။
"မောင့်ကောင်လေး မောင်တို့ဘယ်မှာနေကြမလဲဟင် အိမ်ကိုပြန်မှာလား"
"ကျွန်တော် အိမ်မပြန်ချင်ဘူး ဂျုံအင်"
"ဒါဆို မောင်နဲ့ ဟိုတယ်မှာ လိုက်တည်းလေ"
ဂျောင်ဆူးလည်း အိမ်မပြန်ချင်သည့်အတူတူ နေစရာလည်းမရှိသေးသောကြောင့် ဟိုတယ်မှာရက်ပိုင်းလောက်နေပြီး အခန်းရှာရန် ဆုံးဖြတ်လိုက်သည်။ ရေရှည်နေမှာဖြစ်သောကြောင့် ဂျောင်ဆူးရော ခါအီပါ နေလို့အဆင်ပြေမည့် အိမ်မျိုးရှာရန်လိုသည်။ ချန်ယောလ်နဲ့အတူတူနေတုန်းကလို တိုက်ခန်းလေးတစ်ခုတည်းမှာ နှစ်ယောက်အတူ ပူးကပ်နေရလောက်အောင်အထိ ဂျောင်ဆူးစိတ်တွေက ခါအီနှင့်ရင်းနှီးနေတာမျိုးမရှိပေ။
ဟိုတယ်အခန်းယူသည့်အခါတွင်လည်း ဂျုံအင်က အလိုက်တသိ တစ်ယောက်ခန်း ယူထားပေးသည်။ တစ်ရက် နှစ်ရက်လောက်နားပြီးမှ အလုပ်မှာ အဝင်ပြရမှာဖြစ်ပြီး ကုမ္ပဏီအလုပ်အပြင် ကိုယ်တိုင်လည်း အလွတ်တန်း ဒီဇိုင်နာအဖြစ် ရပ်တည်ရန် ခြေလှမ်းစရတော့မည်ဖြစ်သည်။ ဂျုံအင်ကတော့ပြောသားပဲ ရွိုင်းက ဒီဇိုင်းဆွဲ မောင်က အဝတ်အစားမော်ဒယ်လုပ်ပြီး အထည်ဆိုင်လေး ဖွင့်ရအောင်တဲ့။ ဒီလို နှစ်ယောက် တစ်အိပ်မက် မက်ပစ်ရလောက်အောင်အထိ ကျွန်တော်က ဂျုံအင့်ပေါ်ချစ်နေခဲ့ရင်လည်း ကောင်းသားပဲ။
တကယ်ဆို ဂျုံအင်သာ ဂျောင်ဆူးနဲ့အရင်တွေ့ခဲ့မယ်ဆို ဂျောင်ဆူးက ဂျုံအင်ကိုချစ်နိုင်ခဲ့မှာသေချာသည်။ အခုတော့ ပထမဆိုသည့်အရာအားလုံး ပတ်ချန်ယောလ်ကိုသာ အကုန်ပေးခဲ့ပြီး ဂျုံအင်အတွက် ဘာမှကို ကျန်မနေခဲ့တော့ပေ။

VOCÊ ESTÁ LENDO
|| P A R A L L E L ||
Fanficမျဉ်းပြိုင်နှစ်ကြောင်းဟာ နီးကပ်နေသလောက် ဆုံမှတ်မရှိဘူး ခင်ဗျားနဲ့ကျွန်တော်ဟာ မျဉ်းပြိုင်.... (Unicode + Zawgyi)