Part 11

240 39 13
                                        

Parallel
Part 11

နှစ်သစ်ကူးရုံးပိတ်ရက်ဖြစ်သောကြောင့် ချန်ယောလ် နားရက်တစ်ရက်ယူပြီး မိဘတွေအိမ်ကိုပြန်ဖြစ်သည်။ အိမ်ခွဲနေပြီးကတည်းက တစ်နှစ်တစ်ကြိမ်လောက်သာ မိဘအိမ်ပြန်ဖြစ်ခဲ့ပြီး မလာတာကြာနေသောကြောင့် ဖေဖေက ခွင့်ရက်ယူပြီး လာဖို့ပြောထားသဖြင့် သွားရခြင်းဖြစ်သည်။ ဖေဖေက ဆေးကုမ္ပဏီထောင်ထားတာဖြစ်ပြီး ဆေးရုံမှာသုံးသော ဆေးအချို့ကို ဖေဖေတို့ကုမ္ပဏီကပဲ ယူသွင်းတာဖြစ်သည်။ တစ်နှစ်တစ်ကြိမ်ဆေးရုံကပြုလုပ်သည့် ဆေးဝါးနှင့်ကုသရေး အလှူများတွင်လည်း ဖေဖေက ပူးပေါင်းပြီး လှူပေးနေကျဖြစ်သည်။ ဖေဖေ့ဆီရောက်လျှင် လိုအပ်သော ဆေးဝါးများအကြောင်းနှင့် ဒီတစ်ခေါက် ကုသရေးပေးရမည့် နေရာအကြောင်းတိုင်ပင်ဆွေးနွေးရမည်ထင်သည်။ သို့သော် ချန်ယောလ် အထင်များသည် တက်တက်စင်အောင်ကို လွဲသွားခဲ့သည်။ ဖေဖေခေါ်တွေ့သည့်ကိစ္စက ဆေးဝါးနှင့်ကုသရေးမဟုတ်ဘဲ ချန်ယောလ် အိမ်ထောင်ရေးဖြစ်နေခဲ့သည်။

"ဆေးရုံအုပ်ရဲ့သားနဲ့ တွဲနေတယ်ဆို ချန်ယောလ်"

"ဒီတိုင်း တွဲသွားတွဲလာ သဘောပါပဲ"

ဘာမဆို အတည်အတံ့ သဘောထားမှ ကြိုက်သည့် ဖေဖေက ချန်ယောလ်အဖြေကို သဘောကျပုံမရဘဲ မျက်နှာတင်းသွားတော့သည်။

"ဟိုကလေးဘက်ကတော့ ပေါ့ပေါ့တန်တန်သဘောထားပုံမပေါ်ဘူး
ဆေးကိစ္စနဲ့ မင်းတို့ဆေးရုံအုပ်ဆီရောက်ဖြစ်သေးတယ်
သူ့ဘက်က စကား စ လာတယ်"

"ကျွန်တော် တခြားတစ်ယောက်ကို လက်တွဲဖို့ အဆင်မပြေသေးလို့ပါ"

"တစ်နှစ်ကျော်သွားပြီ ချန်ယောလ်
ဂျောင်ဆူးသာ မင်းကို တကယ်ချစ်နေရင် ပြန်လာမှာပေါ့
ထွက်သွားတဲ့လူကို ဘယ်အချိန်အထိ မျှော်နေမှာလဲ
အဲ့ဒီကလေး ဂျစ်ပုံ ဆိုးပုံနဲ့ မင်းတစ်ဘဝလုံး အဆင်မပြေလောက်ဘူး
ဆေးရုံအုပ်ရဲ့သားနဲ့ လက်ထပ်ပေးဖို့ အဖေတို့ကတော့ သဘောတူတယ်
မင်းလည်း သေချာစဉ်းစားပေါ့ ချန်ယောလ်
ငယ်ကြတော့တာမှ မဟုတ်တာ"

"စဉ်းစားကြည့်လိုက်ပါမယ်"

ဖေဖေနဲ့ တခြားကိစ္စတွေ ရေလိုက်ငါးလိုက် ဆက်ပြောနေပေမဲ့ ချန်ယောလ် စိတ်မပါတော့ပေ။ အချိန်တန်ရင် စိတ်ပျက်သွားမှာပဲလို့တွေးထားခဲ့ပေမဲ့ ဘတ်ခ်ဟျွန်းက စိတ်မပျက်သည့်အပြင် ပိုလို့ပင် ကပ်တွယ်လာနေသေးသည်။ သူလည်းမအား ကိုယ်လည်းမအားတဲ့ကြားကပင် ရသည့်အချိန်လေးကို ချန်ယောလ်ဆီလာပြီး အချိန်ကုန်တတ်သည်။

|| P A R A L L E L ||Where stories live. Discover now