Part 1

705 55 8
                                        

Parallel
Part 1

အဖြူရောင်နံရံပေါ်က နာရီစက္ကန့်တံရဲ့ ရွေ့လျားမှုကို တစ်ချက်ချင်းကြားနေရသည်။
စိတ်ထဲတွင် လိုက်လံရေတွက်မိနေသော အချိန်က တဖြည်းဖြည်းချင်းကုန်လွန်လို့နေသည်။

ခြောက်နာရီ..ခြောက်နာရီ တစ်စက္ကန့်...ခြောက်နာရီ နှစ်စက္ကန့်...
......................
ခုနှစ်နာရီ..ခုနှစ်နာရီ တစ်စက္ကန့်...ခုနှစ်နာရီ နှစ်စက္ကန့်...
......................
ရှစ်နာရီ..ရှစ်နာရီ တစ်စက္ကန့်...ရှစ်နာရီ နှစ်စက္ကန့်...
......................
ကိုးနာရီ....

*ခွမ်း*

ညာဘက်ခြမ်းမှာတင်ထားသော ဝိုင်အနီကို လက်နဲ့တွန်းချလိုက်သောကြောင့် အဖြူရောင်ကြမ်းခင်းပြားပေါ်တွင် ဝိုင်အနီများ စွန်းထင်းသွားသည်။ ဒီကြမ်းခင်းက ဝိုင်စွန်းသွားသောကြောင့် ၃ ကြိမ်မြောက် လဲထားရသည့် ကြမ်းခင်းဖြစ်သည်။

စားပွဲအလယ်တွင်ရှိနေသော ရေခဲမုန့်ကိတ်ကလည်း ခရင်မ်များပျော်ကျနေပြီး စားပွဲခင်း ဖြူဖြူပေါ် ပေပွနေသည်။

*ရောက်တာနဲ့ သိပ်မကြာခင်စားပေးနော် အစ်ကို
အသီးနဲ့လတ်လတ်ဆတ်ဆတ်လုပ်ထားတာ
ရေခဲမုန့်က အရည်ပျော်ရင်စားမကောင်းတော့ဘူး*

ကိတ်ဆိုင်က ဝန်ထမ်းကောင်လေး ပြောလိုက်သည့်စကားကို ကြားယောင်မိတော့ ဟက်ကနဲ ရယ်လိုက်မိသည်။ အခုတော့ ဘာများစောက်ရေးပါတော့လို့လဲ။

စားပွဲခင်းအစွန်းကနေ ဆွဲချပစ်လိုက်တော့ မီးစာကုန်ကာပျော်ကျနေသော ဖယောင်းရည်အချို့က ခွက်ထဲကနေ ဖြေဖမိုးပေါ်ကျလာသည်။ အရေပြားပေါ်က အပူထက် ရင်ဘတ်ထဲက ပူလောင်မှုက ပိုဆိုးသည်။ ခင်ဗျား ကျွန်တော့်ကို အလေးမထားဘူး။

ကွဲသွားသော ဝိုင်ခွက်နှင့် ဝိုင်ပုလင်းကြောင့် ကြမ်းပြင်သာမက အနားရှိ မွှေးပွခင်း အဖြူလေးပါ စွန်းထင်းသွားရတော့သည်။ အဖြူကြိုက်လွန်း၍ တစ်အိမ်လုံးကို အဖြူရောင်နှင့်သာဆင်ထားသော သူက အနှစ်သက်ဆုံးအရောင်နှင့်မလိုက်ဖက်စွာ ဒေါသကြီးလွန်းသည်။

*တောက်*

လက်သီးကိုကျစ်အောင်ဆုပ်ပြီး ဒေါသကိုထိန်းမရသည့်အဆုံး စားပွဲကို ဝုန်းခနဲထိုးချလိုက်မိသည်။ စားပွဲအဖြူရောင်ကိုပါ တွန်းမှောက်ပစ်လိုက်ပြီး အိပ်ခန်းဆီခြေလှမ်းပြင်တော့ ခြေဖဝါးမှာ စူးနေအောင် စိုက်ဝင်လာသည့်ဖန်ကွဲစ။ ရပ်နေရာကပဲ ခြေထောက်ကို ပင့်ယူပြီး ဆွဲနှုတ်ကာ ကြမ်းပေါ်ပြန်ပစ်ချလိုက်သည်။

|| P A R A L L E L ||Where stories live. Discover now