Parallel
Part 7
ဂျောင်ဆူး အခန်းထဲမှာ နားနေတုန်း အဆောင်ခန်းထဲက ဖုန်းမြည်လာသောကြောင့် ကိုင်လိုက်သည်။
"ရွိုင်းကိုတွေ့ချင်တဲ့သူရှိလို့ reception ကို ခဏလောက်လာခဲ့ပေးပါ"
တစ်ဖက်က ဖုန်းပြောတဲ့သူက ဖုန်းချသွားပြီးတဲ့အချိန်အထိ ဂျောင်ဆူးက ဖုန်းခွက်ကြီးကိုကိုင်ပြီး အတောင့်လိုက်ကြီးဖြစ်နေသည်။ သူက ဒီနေ့မှ ဒီကိုရောက်တာလေ။ ဘယ်သူကများ လာတွေ့တာလဲ။ လန်ဒန်မှာ ဂျောင်ဆူးနဲ့အသိအကျွမ်းဆိုလို့ တစ်ယောက်မှ ရှိမနေပါ။
အမှတ်မရှိသည့်နှလုံးသားက နောက်ဆုံးမျှော်လင့်ချက်လေးတစ်ခုဖြင့် လင်းလက်လာပြီး တလှုပ်လှုပ်ခုန်လာရတော့သည်။ ဖုန်းကို ပြန်ချလိုက်ပြီး အဆောင်ခန်းကနေ reception အထိ မြန်မြန်သွားလိုက်သည်။
သူတကယ်ကို...မျှော်လင့်ထားတာ...။
တစ်ခါလောက်ပဲဖြစ်ဖြစ် တကယ်ကို သူမျှော်လင့်မိနေသေးတာ။
မျှော်လင့်ခဲ့ပေမဲ့ နောက်ဆုံးအချိန်အထိ...မျှော်လင့်ထားသည့်အတိုင်းဖြစ်မလာပေ။
Reception ရှေ့က ဆိုဖာခုံတွင် လက်များကိုယှက်ကာ ထိုင်နေသည့် အသားအနည်းငယ်ညိုသော အမျိုးသားကို ဂျောင်ဆူးမသိပါ။ စိတ်ရှုပ်သွားသောကြောင့် မျက်ခုံးတန်းများကလည်း အလိုလို တွန့်ချိုးသွားတော့သည်။
"ခင်ဗျား ဘယ်သူလဲ"
ထိုင်နေရာကနေ လှည့်ကြည့်လာသည့် အမျိုးသားက ဂျောင်ဆူးကို နှစ်လိုဖွယ်ပြုံးပြနေသေးသည်။ မသိလို့ စိတ်ရှုပ်ရတဲ့ထဲ လာပြုံးပြနေသေးတယ် ချီးလိုကောင်။
"ဘာကိစ္စနဲ့ ကျွန်တော့်ကိုတွေ့ချင်တာလဲ"
ထိုင်နေရာက ထ လာပြီးတဲ့အထိ စကားမပြောသေးဘဲ ဂျောင်ဆူးကိုပဲကြည့်နေတဲ့လူကို စိတ်မရှည်သောကြောင့် ထပ်မေးလိုက်သည်။ ဒိုဂျောင်ဆူးက ဒီလို အကျိုးမရှိတဲ့ အပိုတွေ လုပ်နေဖို့ကို စိတ်ပါတဲ့သူမဟုတ်။
"ရွိုင်းက ကျွန်တော့်ကို မမှတ်မိဘူးလား"
"ခင်ဗျားက ဘယ်သူမို့လို့ ကျွန်တော်က မှတ်မိရမှာလဲ"
YOU ARE READING
|| P A R A L L E L ||
Fanfictionမျဉ်းပြိုင်နှစ်ကြောင်းဟာ နီးကပ်နေသလောက် ဆုံမှတ်မရှိဘူး ခင်ဗျားနဲ့ကျွန်တော်ဟာ မျဉ်းပြိုင်.... (Unicode + Zawgyi)
