Part 16

272 54 12
                                        

Parallel
Part 16

ချန်ယောလ် ဂျူတီအပြီး အိမ်ပြန်မည့်ရက် ညနေတွင် ဆေးရုံနားနေခန်းသို့ ဘတ်ခ်ဟျွန်းရောက်လာသည်။ ဒီရက်ပိုင်း စိတ်တွေရှုပ်ထွေးလွန်းသောကြောင့် ဘတ်ခ်ဟျွန်းခေါ်သည့်ဖုန်းများကိုလည်း မကိုင်ဖြစ်ပေ။ ရုတ်တရက်ပြန်ပေါ်လာသော အချစ်ကိုသွားတွေ့ချင်သော်လည်း ဖုန်းနံပါတ်ပြောင်းထားပြီး မိဘအိမ်ပြန်မနေသောကြောင့် ချန်ယောလ်က ဘယ်လိုဆက်သွယ်ရမှန်းမသိသေးပေ။

"ကိုကို ဒီရက်ပိုင်းဖုန်းလည်းမကိုင်ဘူး
ကျွန်တော်လည်း အလုပ်များနေတာနဲ့ လိုက်မလာဖြစ်တာ
ကျွန်တော် ဟိုရက်က ရွိုင်းဆီသွားသေးတယ်
ကျွန်တော်တို့အတွက် ဝတ်စုံဒီဇိုင်းမရသေးပေမဲ့ အရောင်တော့ရွေးပေးလိုက်တယ်"

"ဟုတ်လား ကိုယ်လည်း ကိုယ်တိုင်းပေးဖို့ သွားရဦးမှာ
လိပ်စာပေးထားလေ အားတဲ့ရက်သွားလိုက်မယ်"

"ဒီမှာ လိပ်စာကတ်
ဒါက သူရွေးပေးလိုက်တဲ့အရောင် White Grey တဲ့
မရိုးလွန်းသလို အရမ်းလည်း ကွဲထွက်မနေဘူးမဟုတ်လား"

ချန်ယောလ်က လိပ်စာကတ်ကို သိမ်းလိုက်ပြီး အိမ်ပြန်ရန်ပစ္စည်းများကို လက်ဆွဲအိတ်ထဲ ထည့်နေလိုက်သည်။ ဘတ်ခ်ဟျွန်းက ချန်ယောလ်ဘေးမှာရှိနေပြီး စကားဆက်ပြောနေသည်။

"အရောင်ရဲ့အဓိပ္ပါယ်လေးကိုလည်းကျွန်တော်သဘောကျလွန်းလို့
dependability တဲ့ ကိုကိုက ကျွန်တော့်အတွက် အဲ့ဒီလိုလူဆိုတာ သူသတိထားမိနေတာပဲ"

ပစ္စည်းထည့်နေတဲ့ ချန်ယောလ်လက်တွေ ရပ်တန့်သွားသည်။ ဂျောင်ဆူးက ချန်ယောလ်အပေါ်ထားတဲ့ ဘတ်ခ်ဟျွန်းခံစားချက်ကို ဘာကိစ္စနဲ့ထည့်တွေးပေးနေရတာလဲ။ မင်္ဂလာဝတ်စုံ ဒီဇိုင်းဆွဲပေးမယ်ဆိုကတည်းက စိတ်ထဲ နည်းနည်းလေးမှ ဘဝင်မကျခဲ့တာ။ ဂျောင်ဆူးရှေ့ကို ဘတ်ခ်ဟျွန်းနဲ့တွဲလျက် မသွားချင်လို့ ကိုယ်တိုင်းယူမဲ့နေ့မှာတောင် သူများဂျူတီကို အတင်းဝင်ပေးပြီး အချိန်မအားသလိုလုပ်နေခဲ့တာ။ ဂျောင်ဆူးက ဘာလို့ဒီလောက်တောင် ချန်ယောလ်အပေါ် ခံစားချက်ကင်းမဲ့သလိုဖြစ်နေရတာလဲ။

|| P A R A L L E L ||Wo Geschichten leben. Entdecke jetzt