Chapter 1

1.6K 117 18
                                    

"3 2 1 Action!"

ဒါရိုက်တာကြီးဆီက အသံထွက်လာတာနဲ့တပြိုင်နက် ရိုက်ကူးရေးအဖွဲ့သားတွေက ကိုယ့်နေရာနဲ့ကိုယ် အလုပ်စတင်လိုက်ကြတယ်။ Harutoတစ်ယောက် သူ မှတ်ထားတဲ့ ဇာတ်ညွှန်းအတိုင်းပဲ ဝင်သရုပ်ဆောင်ဖို့ settingအတွင်းထဲကို ဒါရိုက်တာအသံထွက်လာတာနဲ့ ဝင်ချသွားတော့တယ်။

"ဟိတ် ကောင်မလေး မင်း ငါနဲ့လိုက်ခဲ့ရမယ် လာစမ်း"

Harutoက ဇာတ်လမ်းအတွင်းမှာပါတဲ့ မင်းသမီးကို လက်ဆွဲလိုက်ပြီး ခေါ်သွားရမယ့် senceကိုစတင်သရုပ်ဆောင်နေတာဖြစ်တယ်။

"မလိုက်ဘူး ဖယ်စမ်း"

"ငါစကားအကောင်းပြောနေတုန်း လိုက်ခဲ့နော်"

"နင် ငါ့ကိုလွှတ်မှာလား မလွှတ်ဘူးလား HanJoon"

Harutoက မင်းသမီးလက်ကိုဆွဲထားတဲ့ သူ့လက်ကိုပိုတင်းကြပ်လိုက်တယ်။သူက အခုဇာတ်ကားမှာ လူဆိုးနေရာက သရုပ်ဆောင်တာဖြစ်တယ်။ပြောရရင်တော့ ခပ်တုံးတုံးနဲ့ အချစ်ရူးရူးပြီး မင်းသမီးကို တစ်ဖက်သတ်ချစ်နေတဲ့ လူဆိုးကောင်နေရာက သရုပ်ဆောင်နေရသည်။

"ငါ နင့်ကိုအနုနည်းနဲ့ပြောနေတာ မရရင် အကြမ်းနည်းသုံးတော့မှာနော်"

Haruto ပြောနေတဲ့အချိန်မှာပဲ ရိုက်ကွင်းအတွင်းကို အဓိကသရုပ်ဆော​င်​နေရာက မင်းသားရောက်လာတော့တယ်။ဇာတ်လမ်းအသွားအရ ဒီနေရာမှာ သူတို့နှစ်ယောက်က အချေအတင်စကားများကြပြီး ရန်ဖြစ်ရမယ့်အခန်းကို ရိုက်ကူးရမှာဖြစ်သည်။

"မင်း Yunaရဲ့ လက်ကို အခုလွှတ်လိုက်စမ်း"

Harutoက ပြောပြောပြေးပြေးနဲ့ သူ့ပါးကို အတည်ကြီးလာထိုးတဲ့ သရုပ်တောင်မင်းသားကြောင့် မျက်နှာပျက်သွားရပေမယ့် ထိန်းချုပ်နိုင်လောက်သည်။ ဒီအကောင်က ဘာလို့ တကယ်ကြီးလာထိုးနေရတာလဲ?

"မင်း ငါ့ကိုထိုးတယ်?"

Harutoက အဓိကမင်းသားကို ပြန်ထိုးလိုက်သည်။ထိုးတယ်ဆိုပေမယ့် သရုပ်ဆောင်ထိုး ထိုးတာသာဖြစ်သည်။ သူအတည်ကြီးတော့ လက်သီးနဲ့သွားမထိုးချင်ပါ အလကားနေ ပြဿနာဖြစ်လိမ့်မည်။

Anti-Poetic • ʰʲʷWhere stories live. Discover now