Chapter 13

364 68 7
                                    

Jeongwooတို့ မာဖိုရဲစခန်းကနေ ရဲသားလေးယောက်လုံးက မာဖိုကားဟောင်းဖြတ်တဲ့ စက်ရုံအနီးတစ်ဝိုက်ကို ရောက်လာကြတယ်။ပြီးခဲ့တဲ့နေ့တွေက CCT​Vထဲကနေတစ်ဆင့် သူတို့တစ်ချက်စစ်ဆေးကြည့်ခဲ့သည်။ ကံကောင်းချင်တော့ W-1485 ဆိုတဲ့နံပါတ်ပြားပါတဲ့ မဲနယ်ရောင်ကားကို ထိုလူသတ်သမားက စီးသွားတာကို ဝိုးတိုးဝါးတားမြင်ကွင်းမှာ ရှာတွေ့ခဲ့ရတယ်။ ကားလေးက Toyotaတံဆိပ်ဖြစ်ပုံရပြီး အတော်လေးကို စုတ်ချာပြီး ဂျလုန်းပလုန်းကျနေကာ နောက်မီးတစ်ဖက်ကလည်း ကွဲပြီးမလင်းပေ။

နံပါတ်ပြားလိုင်စင်နံပါတ်ကို ကွန်ပြူတာကနေ တစ်ချက်စစ်ကြည့်ပေမယ့် ရှာမတွေ့တာကြောင့် သူတို့စခန်းကလူတွေအကုန် တရားမဝင်မောင်းတဲ့ကားဆိုပြီးကောက်ချက်ခဲ့သည်။ အဲ့သည်နောက်တော့ တရားမဝင်ကားတွေထားတဲ့ ကားဟောင်းစက်ရုံကို သံသယအပြည့်နဲ့ အခုလိုရောက်လာရတာပါပဲ။

"လူစုခွဲရှာမယ် Jeongwoo ငါနဲ့လိုက်ခဲ့! So Junghwanနဲ့ စုံစမ်းရေးမှူးက တစ်ဖွဲ့သွားရှာကြ၊ အန္တရာယ် များတဲ့နေရာမို့ လုံးဝလူမကွဲစေနဲ့နော်"

စခန်းမှူးက မှာစရာရှိတာမှာပြီးတဲ့နောက်မှာတော့ သူတို့လူခွဲပြီး နှစ်ယောက်တစ်တွဲအနေအထားနဲ့ ကားအအိုအဟောင်းကြီးကြား မျက်စိလျင်လျင်ထားပြီး စစ်ဆေးကြတယ်။

ခဲရောင်တွေခြစ်ထားတဲ့ ခြစ်ထားပြီး ဆေးစပရေးဖျန်းထားပုံရတဲ့ အထူးအဆန်းကားတစ်စီးကြောင့် Jeongwooက ရပ်လိုက်ပြီး ကားအနားက တိုးကြည့်တယ်။ နံပါတ်ပြားတော့ မပါ ဒါပေမယ့် နောက်မီးတစ်ဖက်က ပျက်ဆီးနေသည်။

"စခန်းမှူး ဒီဘက်ကိုလာကြည့်အုံး"

အပြေးလာပြီး စစ်ဆေးတဲ့ စခန်းမှူးက သူ့ခါးအိတ်ထဲက ပစ္စတို တစ်လက်ကိုထုတ်ပြီး ကားအနီးကို ကပ်သွားတယ်။ဖျက်ဆီးထားပုံရတဲ့ ကားက အရောင်ပင်သိပ်မထွက်တော့ပဲ ဆေးတွေဗလပွနဲ့ ပေတေနေတယ်။

"ဒီကား ဟုတ်တယ် Jeongwoo သေချာပေါက် အဲ့ဒီကောင် မာဖိုမြေမှာ ရှိနေတုန်းပဲ"

"ကျွန်တော်လည်း အဲ့လိုထင်နေတယ်"

"ငါတို့ ဟိုဘက်သွားပြီးထပ်စစ်ဆေးကြည့်ရအောင်"

Anti-Poetic • ʰʲʷWhere stories live. Discover now