Final

594 69 16
                                    

ခွင့်ပြုသည်ဆိုသော စကားလုံးကို တွဲပြီးနှစ်ဝက်အကြာမှာ ကြားခဲ့ရတာဖြစ်ပြီး ထိုနေ့မှာပဲ နှစ်ယောက်သားဆုံးဖြတ်မိသည်က လက်ထပ်ဖို့်။

အများကြီးမစဥ်းစားတော့ဘဲ မဆင်ပြေ​လောက်မဲ့ ဝတ်စုံလေးတွေကိုပဲ ရွေးခဲ့ကြကာ ပကာသနတွေမပါတဲ့ အဖြူထည်ဖိတ်စာလေးတွေအား အသိမိတ်ဆွေအနည်းငယ်ရဲ့အိမ်သို့ပဲ ပို့ပေးခဲ့သည်။

November 11ရက်နေ့အား ကံကောင်းခြင်းနေ့အဖြစ် ရက်ရွေးကာ anniversaryနေ့အဖြစ်လည်း ကျင်းပချင်သည်ဆိုတဲ့ အဆိုးလေးကြောင့် ခပ်မြန်မြန်စီစဥ်ခဲ့ရတာ 11ရက်တာသည် အလုပ်ရှုပ်မှုတို့သောင်းချီနေ၏။

နောက်ဆုံးမှာတော့ စောင့်ခဲ့ရတဲ့နေ့ကလေးက ပင်လယ်အနီးနားရှိဟော်တယ်တစ်ခုတွင် မြစ်ဖျားခံဖို့ ကျရောက်လာခဲ့သည်။

"ဟေး အကိုhyakun"

"Haruto-kun စိတ်ရင်းနဲ့ဂုဏ်ပြုပါတယ်"

ခန်းမအဝင်ပေါက်မှာရပ်ရင်း ဧည့်သည်တွေကိုကြိုနေတဲ့တစ်လျှောက် ကောင်လေးတစ်ယောက်နဲ့​ လက်ချင်းချိတ်ပြီးလျှောက်လာတဲ့ မန်နေဂျာဖြစ်ခဲ့ဖူးသူသည် အခုချိန်မှာတော့ အသိမိတ်ဆွေ hyakunအဖြစ်သာ တွင်ကျန်သည်။

"သူက ဘယ်သူ?"

"michiလေ"

မိမိနဲ့အရပ်တူတူနီးပါးရှိနေသော ကောင်ချောလေးသည် တစ်ချိန်က နှံပြည်စုတ်လေးပမာ သေးသွယ်ခဲ့တာကြောင့် ပါးစပ်ပိတ်ဖို့မေ့သည်အထိ အံ့ဩရပြန်တယ်။

"ကျွန်တော့်နာမည် Kang Sok Hwaပါ တွေ့ရတာဝမ်းသာပါတယ်"

ထိုကောင်လေးရဲ့နာမည်အရင်းကိုအခုမှသိရတော့သည်။ သူထုတ်ပေးတဲ့ Business cardလေးကိုကြည့်လိုက်တော့ Harutoရုတ်တရပ် သွေးတက်မိသွားသည်။

"KMCသတင်းဌာနရဲ့ ခေါင်းဆောင်? Kangသူဌေးရဲ့သားလို့ ပြောချင်တာလား"

"အင်း"

"တောင်းပန်တယ်နော် ruto-kunရေ ငါလည်းသိရတာမကြာသေးဘူး ဒါပေမယ့် သူစုထားတဲ့ မင်းရဲ့သတင်းတွေကို ငါမဖြန့်ခိုင်းထားဘူးရယ် စိတ်မပူနဲ့နော်"

ပြုံးစိစိနဲ့အားနာသလိုပြောလာတဲ့ hyakunကို ခေါင်းငြိမ့်ပြမိပေမယ့် အခုချိန်ကျွန်တော့်မျက်နှာတွင် ရှုပ်ထွေးခြင်းသင်္ကေတ Question markတို့သာ ပြည့်နေလောက်မည်။

Anti-Poetic • ʰʲʷWhere stories live. Discover now