Chapter 20

323 65 20
                                    

တစ်ရက်တာအလုပ်တွေကိုအပြီးသတ်ကာ companyကိုပြန်ဖို့အမြန်စီစဥ်ရသည်မို့ အမှန်အတိုင်းပြောရလျှင် ကျွန်တော်ရော မန်နေဂျာအကိုရော မအား။ ဟိုmichiဆိုတဲ့ကောင်လေးကလည်း လစာမရတာတောင် အခုထိတွယ်ကပ်ပြီး ကူပေးနေတာမို့ သနားတောင်သနားချင်လာသည်။ ဟိုကိုခေါ်သွားဖြစ်ရင်တော့ မုန့်ဖိုးလေးဘာလေးပေးအုံးမည်ဟု ကျွန်တော် တွေးထားသည်။

လောလောဆယ်ကတော့ ဖုန်းတစ်လုံးကိုင်ကာ Samsung Koreaရုံးချုပ်က သူဌေးနဲ့ အပေါက်အလှမ်းတည့်အောင် ချုိချိုသာသာထိုင်ပြောပေးရသည်မှာ တစ်နာရီရှိပြီ။ခုခေတ်ဘိုးတော်ကြီးတွေများ လေပေါလို်က်ကြတာတအားပဲ!

"ဟုတ်ကဲ့ပါ ကျွန်တော့်ကိုယုံကြည်ပေးလို့ကျေးဇူးတင်ပါတယ် သူဌေးထုတ်ကုန်တွေ ရောင်းအားကောင်းစေဖို့ ဆုတောင်းလိုက်ပါတယ်"

တစ်ဖက်က ဟုတ်ပြီဟုတ်ပြီလို့ပြောတာကြောင့် မြန်မြန်စကားစဖြတ်ကာ ဖုန်းချလိုက်ရတော့သည်။ဘေးနားမှာ ကျွန်တော့်နည်းတူ ဖုန်းပြောပြီးအလုပ်ညှိနေရသည့် Hyakunကလည်း မောလို့ထင်ပါသည်။ ရေတွေဘာတွေတောင် သောက်ရင်း professionalဆန်ဆန်ဖုန်းပြောနေ၏။

တစ်နေကုန်ဟိုဟိုဒီဒီတွေကနေ လက်ခံထားမိတဲ့ ကြော်ငြာတွေကိုဖုန်းဆက်ပြီး ​အချိန်ပြန်ညှိရသည်။ညှိမရတဲ့အခါတော့ ငြင်းပစ်လိုက်ကာ ငွေပြန်အမ်းပေးလိုက်ရသည်။ ဒါ ဟိုသူဌေးဂြိုလ်မွှေလို့ဖြစ်ရခြင်း။ ညဘက်ပိုင်းလေဆိပ်အနီးက ​ေဟာ်တယ်မှာတည်းနေခြင်းဖြစ်တာမို့ ကျွန်တော်ကတော့ တစ်ယောက်တည်းအိပ်တတ်၍ တစ်ယောက်စာအခန်းပဲယူထားကာ မန်နေဂျာကတော့ ပိုက်ဆံနှမြောသည်ဆိုပြီး ဟိုကောင်လေးနဲ့ နှစ်ကုတင်ပါတစ်ခန်းယူထားသည်။

ညှဥ့်နက်လာပြီမို့ မန်နေဂျာအကိုကို ပြန်ခိုင်းလိုက်ကာ Haruto ရေချိုးပြီးအမောဖြေလိုက်ရသည်။ပြန်အလာမှာ မီးလင်းနေတဲ့ဖုန်းကြောင့် အကင်္ျီအရင်မလဲဘဲ သွားယူကြည့်တော့ ချာတိတ်ဆီက မက်ဆေ့ချ်လေးဖြစ်နေသည်။

^^ခင်ဗျား ဒီနေ့အိမ်ပြန်မလာဘူးလား ဘာလို့လဲ ^^ တဲ့။

^^အင်း အလုပ်ကိစ္စနဲ့မို့ ခရီးထွက်နေတာ^^ ဟုပို့လိုက်တော့ zutopiaထဲက ရဲဝတ်စုံနဲ့ယုန်မလေး စိတ်ညစ်နေတဲ့ stickerကို ပြန်ပို့လာသည်။တကယ်ပါပဲ ချစ်စရာကောင်းလိုက်တာ!

Anti-Poetic • ʰʲʷWhere stories live. Discover now