Chapter 7

423 75 15
                                    

"ဒါက ဘာတွေလဲ?"

"CDခွေတွေလေ မူရင်းတွေနော် ဒါတွေက စျေးကြီးတယ်"

"အဲ့တော့ ဘာလုပ်ရမှာလဲ"

"မင်းပဲ ကိုယ်က မင်းသားဆိုတာကိုမယုံဘူးဆိုလို့လေ လာပြတာပေါ့... မဟုတ်သေးဘူး အပိုင်ပေးတာမို့ အပိုင်ယူထားလိုက်"

Harutoက သူ့မန်နေဂျာဆီကနေ အခွေတွေအလကားရဖို့ အကူအညီတောင်းလိုက်ရပြီး ကိုယ့်ဇာတ်ကားကိုယ် ပြန်ကြွားနေရလိမ့်မယ်လို့တစ်ခါမှမတွေးခဲ့ဖူး။သူ ဒီကောင်လေးနဲ့တွေ့မှပဲ ရှိသမျှ မာနတွေကလည်း ဘယ်ကိုပျောက်လို့ပျောက်မှန်းမသိ၊ မသိစိတ်ကရော သိစိတ်ကပါ ချစ်နေသည့်အတွက် Harutoက မြင်မြင်ချင်းအချစ်ဆိုတာကို လုံးဝယုံကြည်လိုက်ရရှာတယ်။

Jeongwooက သူ့ကို CDတေွ လာပေးတဲ့ ဂျပန်လူမျိုးကို အံ့ဩသလိုတစ်ချက်ကြည့်ယူတယ်။အဲ့နောက်တော့မှ သူ သတိရတာက လက်မှတ်ကိစ္စ။

မြန်မြန်အိမ်အခန်းထဲကနေ စာရွက်နဲ့ ဖောင်တိန်အကြီးကြီးကိုသွားယူပြီး ပြေးလာတဲ့ ကောင်လေးကြောင့် Harutoက ကြောင်ကြည့်နေတယ်။

"ဒီမှာ လက်မှတ်ထိုး... ရှိရင် ရှိသလောက် စာရွက်မကုန်ခင်အထိထိုးနော်"

"ဘာလို့တုန်း ချာတိတ်ရဲ့"

"ရောင်းစားမလို့!"

Harutoက သူ့ရှေ့က ခေါက်ဆွဲပြုတ်စားမပြတ်တဲ့ ကောင်လေးကိုကြည့်ပြီး မျက်ဖြူဆိုက်မိတယ်။မလွယ်ဘူး လူ့စည်းပိုးလေးကို ကြိုက်မိတဲ့အဖြစ်ကလည်း ခက်ပါသကိုး။

အဲ့ဒီနောက်တော့ Harutoက မတတ်နိုင်ဘဲ လက်မှတ်ထိုင်ထိုးပေးလိုက်ရတော့တယ်။ ငြိုငြင်တာမျိုးတော့ သူမဖြစ်မိပါ။ ဘယ်လိုပဲဆို​ေစအုံးတော့ characterအမျိုးမျိုးကို ဇာတ်လိုက်၊ဗီလိန်နေရာအစုံကနေ ကောင်းကောင်းသရုပ်ဆောင်ခဲ့တဲ့သူမို့ ဒါမျိုးပင်ပန်းမှုလေးက သူ့အတွက်တော့ စာမဖွဲ့လောက်စရာ။

"ထိုးလို့ပြီးသွားပြီဆို ခင်ဗျား ဒီနားကိုလာအုံး "

Harutoက အနားကိုလျှောက်သွားတော့ ဘယ်ကတည်းက ယူထားမှန်းမသိတဲ့ အကြောလိမ်းဆေးတစ်ဘူးကို အဖုံးဖွင့်ရင်း ကောင်လေးက သူ့လက်တွေကိုလူးပေးနေတာကို ထိုင်ကြည့်​ေနရတယ်။အနာပေးလိုက်၊ ဆေးပေးလိုက်လုပ်နေတဲ့ ကိုရီးယားကောင်လေးကို Harutoက ပြုံးပြီးစိုက်ကြည့်နေမိတယ်။ဒီကောင်လေး လူ့ကိုကစားစရာများထင်နေသည်လား?

Anti-Poetic • ʰʲʷWhere stories live. Discover now