Chapter 2

604 99 15
                                    

"Park Jeongwoo!"

"ရှိ... ရှိပါတယ် စီနီယာ"

Park jeongwooဟာ အလုပ်ဝင်ကာစ သက်တမ်းပင် တစ်လမပြည့်သေးတဲ့ မာဖိုရဲစခန်းအမှတ်(2)က ရဲသားပေါက်စတစ်ယောက် ဖြစ်သည်။နောက်ပြီး သူက ရုပ်ချောတာကြောင့် ရဲတက္ကသိုလ်မှာလည်း နာမည်ကြီးခဲ့တဲ့ ကလေးတစ်ယောက်ဖြစ်တယ်။သွက်သွက်လက်လက်ရှိပြီး ထူး​ခြားချက်တစ်ခုလည်းရှိတာကြောင့် သူအခုအလုပ်လုပ်နေတဲ့ မာဖိုရုံးမှာလည်း နာမည်ကြီးသည်။ အခုလည်း Jeongwooက သူ့စီနီယာရဲ့ခပ်ဆောင့်ဆောင့် ခေါ်သံကို အလန့်တကြားထူးလိုက်တယ်။

"မင်းနဲ့ ဒုရဲမှူး Kim HyeSoo ဒီနေ့တာဝန်ရှိတယ်ဆိုတာသိတယ်မလား"

"သိပါတယ် စီနီယာ"

"ငါတို့ အခုသတင်းရထားတာ မာဖို အမှတ်(3)စျေးလမ်းထဲမှာ ခါးပိုက်နှိုက်အဖွဲ့တွေ သောင်းကျန်းနေတယ်တဲ့"

"ဟုတ် ကျွန်တော် အပြတ်ရှင်းခဲ့ပါ့မယ် စီနီယာ"

"ဟေ့ကောင် ငါစကားပြောတာကိုဆုံးအောင် နားထောင်အုံး ငါတို့သံသယရှိနေတာတော့ ဟိုတလောက ဖြစ်ထားတဲ့ ဆေးခြောက်အမှုမှာ တရားခံတစ်ယောက်လိုနေသေးတယ် အဲ့ခါးပိုက်နှိုက်အဖွဲ့ထဲမှာ ဆေးခြောက်အမှုက တရားခံကောင်က ဝင်ရောပြီးပုန်းနေရတာဖြစ်ရမယ်"

Park Jeongwooက ခေါင်းငြိမ့်လိုက်ပြီး ဂရုတစိုက်နားထောင်နေတယ်။သူ့ရဲ့ ဌာနမှူးက ဒါမျိုးအလေးအနက် ကိစ္စတွေကို သူ့ဆီတာဝန်ပေးလေ့မကှိတာကြောင့် အခုတစ်ခေါက်မှာသေချာအစွမ်းပြဖို့ Jeongwooက စိတ်ထဲကဆုံးဖြတ်ထားလိုက်သည်။

"ကျွန်တော် သိပါပြီ စီနီယာ"

"ငါ စိတ်ချမယ်နော် ဒုရဲမှူး! ဒီကောင်ကို တစ်ယောက်တည်း ဘာမှမလုပ်ခိုင်းနဲ့ အတူတူတာဝန်ယူပြီး ထမ်းဆောင်ကြ"

ရဲမေကလည်း ခေါင်းငြိမ့်ပြတာကြောင့် Jeongwooတို့နှစ်ယောက် ရဲကားလေးကိုစီးပြီး မာဖိုစျေးဆီကို ဦးတည်လိုက်ကြတယ်။သူတို့ စျေးကိုရောက်သွားတဲ့အချိန်မှာတော့ နေ့လည်ပင်ရောက်လုနီးနီးဖြစ်နေပြီသာ။Jeongwooတို့ စျေးထဲဝင်မိတဲ့အချိန် တိုက်တိုက်ဆိုင်ဆိုင်မှာပဲ မိန်းမကြီးတစ်ယောက်ရဲ့ အော်သံက သူတို့အနားမှာ ဖြစ်ပွားသွားတယ်။

Anti-Poetic • ʰʲʷWhere stories live. Discover now