Chapter 9

381 67 6
                                    


"ဟေ့... ဟေ့ကောင်လေး!"

မဖြစ်တော့။ဘာမှပြန်မထူးတဲ့ ကောင်လေးကြောင့် Harutoက စောင်ပုံထဲက Jeongwooကို ဆွဲမပြီး စောင်ကိုခွာပစ်လိုက်တယ်။အဲ့ဒီနောက်တော့ သူလုပ်မိတာက Hyakunဆီကိုဖုန်းဆက်ခဲ့တာ။

"ဟယ်လို Hyakunလား ကျွန်တော် ဒီမှာအဖျားတက်နေလို့ အိမ်ကိုဆရာဝန်လွှတ်ပေးလို့ရမလား"

တစ်ဖက်ကဘာတွေပြန်ပြောနေမှန်း Harutoက အာရုံမစိုက်နိုင်။တစ်စုံတစ်ခုကို နာကျင်နေတဲ့ဟန် ညည်းနေတဲ့ကောင်လေးရဲ့နှဖူးတွေကိုသာ ဖီးသပ်ပေးနေမိသည်မို့။

"အဲ့ဒါတွေနောက်မှမေးတော့ Hyakunပြန်မလာလည်းဖြစ်တာမို့ အိမ်ကို အခုချက်ချင်းရှာလို့ရတဲ့ ဆရာဝန်လွှတ်လိုက်နော် ကျွန်တော်စောင့်နေမယ်"

Harutoကပြောပြီးပြီးချင်း ပြန်သာကိုမစောင့်ဘဲ ဖုန်းဆက်ပစ်ကာ ရေခဲသေတ္တာလိုက်ရှာနေခဲ့တယ်။ ပါးလွလွ အဝတ်ပါးလေးတစ်ထည်နဲ့ ရေခဲသေတ္တာအကန့်လေးထဲမှာခဲထားတဲ့ ရေခဲတှကေိုယူလိုကျပွီး ပလက်စတစ်ကန်ငယ်တစ်ခုထဲစုပြုံထည့်လိုက်တယ်။အမှန်တော့ ဒါက ရေခဲထုပ်ရှာမရလို့ ဖြစ်သလို ရေခဲဝတ်တင်ဖို့ကြိုးစားနေခြင်းသာ။

အဲ့ဒီမှာ ဒုက္ခစရောက်တဲ့ Harutoတစ်ယောက် ဒီချွေးတွေ ပေပွနေတဲ့ ရဲသားကောင်လေးရဲ့အဝတ်ကို သူဘယ်လိုချွတ်ပြီး ရေခဲဝတ်တိုက်ပေးရမလဲဆိုတာပဲ။ရှက်စိတ်ရော ကြောက်စိတ်ရောက အသက်30ရှိတဲ့ ရင့်ကျက်ကျက် ကောင်လေးကိုပင် စွဲကပ်မိစေသည့်အထိ ပြင်းပျလွန်းသည်။

နောက်ဆုံးတော့ သူအကြံရတာက ဒီနည်းလမ်းအပြင်မရှိတော့။ အိပ်ယာပေါ်မှာ Jeongwooမတပ်ပဲ ထားထားတဲ့ Eye maskကို သူ့မျက်လုံးမှာ ကောက်တပ်လိုက်ပြီး မမြင်မကန်းနဲ့ ဟိုစမ်းဒီစမ်းကာ လက်ထဲက ရေခဲဝတ်နဲ့ Jeongwooရဲ့ ဗိုက်သားတွေနဲ့ရင်ဘတ်တွေကို အေးမြသွားစေဖို့ ကူညီပေးမိတာပဲ။ဒါက ရူးကြောင်ကြောင်ဆန်ပေမယ့်လည်း သူချစ်ရတဲ့ကောင်လေးရဲ့ ဆန္ဒမပါပဲ ဒါတွေကကြည့်လိုက်ဖို့ဆိုတာ လုံးဝကောင်းတဲ့အရာမဟုတ်ဘူးလို့ Harutoကမှတ်ယူထားတယ်။ အထူးသဖြင့် အမှတ်တမဲ့လေးတောင် မကြည့်မိဖို့အရေးကြီးတယ်။

Anti-Poetic • ʰʲʷWhere stories live. Discover now