Chapter 22

346 68 15
                                    

"ဒါဆို မင်းကလည်း သူ့ကိုကြိုက်တယ်ပေါ့ အဲ့လိုလား"

"အာ...အဲ့လိုမျိုး မဟုတ်ပါဘူးဆို"

ရဲစခန်း၏အပေါ်ဝမှာ မတ်တပ်ရပ်ပြီး ဂျူတီစောင့်နေကြရာကနေ ကင်းလှည့်ဖို့ထွက်လာကြတာဖြစ်သည်။ ကွက်တိကြီးပွင့်ပွင့်လင်းလင်းမေးလာတဲ့ So Junghwanကြောင့် Park Jeongwoo ရှက်ရမ်းရမ်းကာ ငြင်းမိသည်။

ဒီနေ့နဲ့ဆို ဟိုမင်းသား သူ့အနားကနေထွက်သွားတာက တစ်ပတ်ပြည့်ပြီ။ ဘာမှလည်းထူးထူးခြားခြားဖြစ်မလာပေ။ အိမ်ပြန်တဲ့အခါ အဆင်သင့်သူ့ဆီကို ပြေးလာပြီး ရိသဲ့သဲ့စကားတွေပြောမဲ့သူကြီးမရှိတော့ လူကဝမ်းနည်းလာသလိုလို အထီးကျန်လာသလိုလိုပင်။ မကောင်းလိုက်တဲ့ မင်းသား!

"အနည်းဆုံးတော့ မင်းသူနဲ့အဆက်အသွယ်ရသေးတာပဲမလား"

"သူက စာတွေတော့ပို့ပါတယ် ငါစာပြန်တဲ့အချိန်ကြ သူအိပ်သွားပြီထင်တယ် စာမပြန်တော့ဘူး ပင်ပန်းလို့နေမှာပါ"

"မင်းရုပ်ကိုလည်းမှန်ထဲ ပြန်ကြည့်အုံး သွေးလွန်တုပ်ကွေးရောဂါသည်ကြီးကျလို့ ဖြေးဖြေးသာသာ feelစမ်းပါ တကယ်တည်း..."

*ဗုန်း*

စပ်ဖျင်းဖျင်းဖြစ်သွားရတဲ့ ကျောပြင်ကြီးတွင် လက်ရာပင်ထင်သွားသည်လားမသိပေ။ လက်သံပြောင်လွန်းလှသော Park Jeongwoo၏ ဘီလူးဆိုင်းတီး သံလက်ဝါးကြီးဟာတော့ So Junghwanရဲ့ကျောပြင်ပေါ် ဆိုက်ဆိုက်မြိုက်မြိုက်ရောက်သွားခဲ့လေသည်။

"အဲ့လိုတွေကြမ်းတမ်းနေလို့ ဟိုကထားသွားတာ"

"ခွေးသား!"

Park Jeongwooက ဒီတစ်ခါမှာတော့ လိုက်မရိုက်တော့ပေ။ သူတို့ကင်းလှည့်နေကြ လမ်းသွယ်ပေါ်မှာထိုင်ပြီး ငိုနေသည်။ ဆောင့်ကြောင့်ထိုင်ပြီး လက်နှစ်ဖက်ကို ခေါင်းအပေါ်မှာ ကွယ်ရင်း အသံကျယ်ကြီးနဲ့ ထငိုသည်။ဘူးသီးလောက်ကြီးတဲ့ သူ့ရဲ့မျက်ရည်စက်တွေကတော့ ကွန်ကရစ်လမ်းသွယ်လေးပေါ် တစ်ပေါက်ပေါက်နဲ့ကျလာ၏။

So Junghwanတစ်ယောက် ဒီလိုကျတော့လည်း မနေနိုင်ပြန်။ သူငယ်ချင်းလေးငိုနေတာကို ဒီအတိုင်းရပ်ကြည့်မနေနိုင်ဘဲ ကျောပြင်လေးကို အသာအယာသွားပွတ်ပေးလိုက်သည်။ သူ့ရဲ့အတွေ့အကြုံအရ Jeongwooက ပျော့ပျော့ညံ့ညံ့လူတစ်ယောက်မဟုတ်သလို မျက်ရည်လည်း မလွယ်။ အင်း... တစ်ခါတစ်လေတော့ ဒီလိုထဖောက်ပြီးငိုတာမျိုးတော့ ရှိတယ်ပေါ့လေ ထားပါတော့။

Anti-Poetic • ʰʲʷWhere stories live. Discover now