Chapter 4

521 92 18
                                    

"ဘယ်လိုကနေ စခန်းအထိ ခရီးပေါက်သွားတာလဲ Ruto-san"

"အဲ့စခန်းအရှေ့က ကောင်လေးကြောင့်လေ hyakunရဲ့! တကယ့်လူထူးလူဆန်းလေး"

"ကောင်လေးကြည့်ရတာ ချစ်စရာလေးပါ Airiနဲ့တောင် ရွယ်တူပဲလားမသိ"

"ဘယ်လိုဖြစ်နိုင်မှာလဲ Airiက လှပါတယ် အဲ့ကောင်လေးကတော့ အင်း ဘယ်လိုမှန်းကိုမသိပါဘူး ငယ်တော့ငယ်မဲ့ပုံပါပဲ"

Harutoက မနက်ဖြန်ရိုက်ရမဲ့ senceအတွက် သူ့ဆီ အကင်္ျီ နဲ့ ဇာတ်ညွှန်းလာပြင်ပေးနေတဲ့ Hyukunကိုစကားပြန်ပြောနေလိုက်တယ်။ဟိုတယ်အခန်းက အဆင်ပြေပေမယ့် တစ်ယောက်တစ်ခန်းမို့ အရမ်းကျယ်နေသည်။ပေးရတဲ့ငွေနဲ့ တန်ပေမယ့်လည်း ဘာလုပ်မှာလဲ သူတို့အတွက်တော့ အခန်းကျယ်ကြီးက လုပ်စရာမရှိဘဲ ပျင်းစရာကြီးသာ။

"သူဌေးက ဒီမှာအိမ်ဝယ်ထားဖို့ပြောတုန်းက လက်ခံလိုက်ရမှာ ဒါဆိုအများကြီးမကုန်လောက်တော့ဘူး"

"အခုလည်း ဟော်တယ်အခန်းခဖိုးက ငါတို့မှမပေးရတာ ruto-sanရဲ့"

"ဒါပေမယ့်လည်း Okaasanကို ဖုန်းဆက်ပြီးမေးကြည့်အုံးမယ် သူတော့ ဒီကိုခနခနလာနေတော့ အိမ်ဝယ်ထားရင်ဝယ်မှာ"

Harutoက ဟော်တယ်ရဲ့ဝရံတာအခန်းဆီကို ထွက်သွားလိုက်တယ်။မှန်ထဲတွင် ပေါ်နေသည့် အသက် 30အရွယ်ရှိနေတဲ့ သူက အခုချိန်ထိ နုပျိုနေတုန်းမို့ထင်ပါတယ် အမျိုးသမီးလေးတွေရဲ့ပန်းခိုင်လေးဖြစ်နေတာ!

"Hyakun အဝတ်တွေနေရာချပြီးရင် ကိုယ့်အခန်းကိုယ် ပြန်လိုက်တော့နော်"

Harutoက အဲ့ဒီနောက်တော့ သူ့အမေဆီကိုဖုန်းလှမ်းဆက်ပြီးအကျိုးအကြောင်းမေးကြည့်ဖို့ ဆုံးဖြတ်လိုက်တော့တယ်။တစ်ဖက်က မိုရှီမိုရှီဆိုတဲ့ အသံလေးကိုကြားတာနဲ့

"Okaasan! နေကောင်းလား"

"အမလေး ကောင်းပါတော် ကိုရီးယားရောက်တာနဲ့ ဒီက အမေအိုကြီးဆီတောင် အခုမှဖုန်းဆက်တယ်ပေါ့လေ"

"အခုမှအားလို့ပါ Okaasanကလည်း..."

Harutoက ခပ်ချွဲချွဲအသံနဲ့ သူ့အမေကို လှမ်းပြီးချွဲနေလိုက်တယ်။

Anti-Poetic • ʰʲʷWhere stories live. Discover now