Chapter 16

357 68 28
                                    

"လက်ဆောင်ပေးမလို့ ခနနေအုံး"

"ချာတိတ်က လက်ဆောင်ပေးမယ်?"

သူ့ကိုချာတိတ်လို့ခေါ်လိုက်တာကြောင့် ထင်.... ခြေဆောင့်ပြီး အိမ်ထဲဝင်သွားတဲ့ပုံစံက စိတ်ကောက်နေတဲ့ အတိုင်းလေး။ Harutoက ပြုံးလိုက်ပြီး ထိုကောင်လေးနောက်ကနေ လိုက်ကာ အိမ်ထဲဝင်သွားလိုက်တယ်။

အခန်းထဲကနေ အိတ်အကြီးကြီးတစ်လုံး သယ်လာကာ သူ့ကို အားကြီးနဲ့ပစ်ပေးတာကြောင့် လူက လိပ်ပြာပါလွင့်မတတ်။ အဲ့ဒီကောင်လေးမှာလည်း တကယ့်ကို ကြမ်းကြမ်းတမ်းတမ်း အရိုင်းတုံးလေး!

"အဲ့ဒါ ဂျင်ဆင်းနဲ့လုပ်ထားတာ! ခင်ဗျားက မင်းသားဆိုတော့ ပင်ပန်းမှာပေါ့ အဲ့ဒါ.... ညညဆို ဒါသောက်ပြီးမှအိပ်ရမယ်နော်"

"စိတ်ပူနေတာလား"

မေးကြည့်လိုက်တော့ ဂုတ်ပိုးကို ဟိုပွတ်ဒီပွတ်နှင့် မျက်လုံးတွေကလည်း အငြိမ်မနေနိုင်သည့်ကောင်လေးက သူ့အားဘောက်ဆတ်ဆတ်ပြန်ဖြေလာ၏။

"မပူပါဘူး ပင်ပန်းတဲ့ဒဏ်မခံနိုင်ဘဲ ခင်ဗျား သေသွားမှာဆိုးလို့!"

"ချိုချိုသာသာလေးပြောပါ ချာတိတ်ရယ်"

Harutoက သူ့နှုတ်ခမ်းထက်မှာ အပြုံးလေးတစ်ခုဖန်တီးရင်း ဂျင်ဆင်းအိတ်ကိုလှမ်းယူလိုက်တယ်။ ကောင်လေးကတော့ သူ့ကိုမျက်စောင်းထိုးမြဲ။

"ပြောစရာမရှိရင် ကိုယ်ပြန်တော့မယ်နော် စောစောအိပ်အုံး ကြားလား"

"သိပါတယ်!"

Jeongwooအနားတိုးကပ်ပြီး ဆံပင်တွေကိုဆွဲဖွကာ ပုတ်ပေးလိုက်တော့ လက်နဲ့အတင်းဖယ်နေတာမို့ Harutoလည်း အူတွေအသည်းတွေယားရင်းနဲ့ပဲ ကိုယ့်အိမ်ကိုယ် လှည့်ပြန်ခဲ့လိုက်တော့တယ်။ သူ အိမ်ရောက်ရင်တော့ Hyakunကိုဖုန်းဆက်ပြီးလှမ်းဆူရအုံးမည်။ ပြန်လာမယ်ဆိုပြီး ဘယ်မှာ အလေလိုက်နေလဲမသိရသေးတဲ့ မန်နေဂျာအကိုကြောင့် Harutoတစ်ယောက် လက်ထောက်အကူလေးနဲ့ပဲ သည်းခံတွဲလုပ်နေရသည်မလား!

အိမ်ထဲဝင်လိုက်တာနဲ့ ထမင်းအသင့်ပြင်ပေးထားတာကြောင့် Harutoက အိမ်အကူအန်တီကြီးကိုပြုံးပြပြီး စားပွဲမှာဝင်ထိုင်ရင်း ညစာစစားရတယ်။အချိန်ကိုကြည့်လိုက်တော့ ညှဥ့်နက်နေပြီ၊ ညှဥ့်နက်မှ စားတာက ကျန်းမာရေးအတွက်တော့ မကောင်းပေမယ့်လည်း များသောအားဖြင့် အလုပ်များနေတာကြောင့် သူ့ရဲ့အစာစားချိန်တွေဟာ တိကျမနေတတ်ဘူး....

Anti-Poetic • ʰʲʷWhere stories live. Discover now