Chapter 21

313 65 11
                                    

"ရား~~~ ငါ့ကိုပြောပြစမ်းပါကွာ"

Park Jeongwoo မနက်စာစားဖို့ထမင်းထချက်နေရင်း အလုပ်ရှုပ်နေရတဲ့ကြားထဲ ဘေးကနေ စကားနှိုက်နေတဲ့ So Junghwanကို မျက်စောင်းထိုးလိုက်တယ်။

"ဘာဖြစ်နေတာလဲ မင်းကြည့်ရတာ တကယ်ကြီး အသည်းကွဲနေတဲ့ပုံနဲ့ကွာ"

ကျွန်တော် လက်ထဲက ကြက်ဥကြော်မွှေနေတဲ့ ယောက်မကို ဒယ်အိုးအပြင်ဘက်နား ပစ်ချရင်း သူ့ကိုစိုက်ကြည့်ပေးလိုက်တယ်။

"အသည်းကွဲနေတဲ့ပုံကြီးမဟုတ်ဘူး တကယ်အသည်းကွဲနေတာဟ"

"မင်းဘယ်တုန်းက ရည်းစားထားလိုက်လို့လဲ ငါလည်းမသိရပါလား Park Jeongwoo"

"အဲ့ဒါထက်ပိုဆိုးတယ် ငါ့ဟာက... တွဲတောင်မတွဲလိုက်ရသေးဘဲ အထားခံခဲ့ရတာကွ"

ရီနေသည်။ ဒါရီစရာလား ရီစရာလားလို့! သူများအသည်းကွဲနေတာကို လှောင်နေတဲ့ သာသနာဖျက်ကောင်။ သူလည်း အထားခံရပ​ါစေ!

Park Jeongwoo ယောက်မကိုပြန်ကိုင်ပြီး လက်ထဲကယောက်မနဲ့ရွယ်လိုက်တော့ ဟိုရှောင်ဒီရှောင်နဲ့ So Junghwanရဲ့မျက်နှာက စပ်ဖြီးဖြီးလေး ဖြစ်လို့နေသည်။

"ဟိုရုပ်ရှင်မင်သားနဲ့လား"

"ဘယ်လိုသိတာလဲ မင်း"

"ဟိုတလောက ငါ Gymသွားတော့ မင်းတို့ချစ်ကြည်နူးနေတာ လှမ်းတွေ့လိုက်သေးတယ် လာနှုတ်ဆက်မလို့ပဲ ငါ့ကိုကိုက သူများကြား ဝင်မပါရဘူးဆိုလို့"

"အော့! ကိုကိုတဲ့ အန်ချင်လိုက်တာ"

"မနာလိုဖြစ်မနေစမ်းနဲ့ သားကြီး! ငါ့ကိုအကြောင်းစုံပြောပြလေ ငါမင်းကိုကူညီမှာပါ"

Park Jeongwoo သက်ပြင်းတစ်ချက်ချပြီး အကြောင်းစုံကိုအကုန်ပြောပြလိုက်တော့သည်။ Jeongwooက သူတို့အိမ်ချင်း မျက်နှာချင်းဆိုင်ဖြစ်နေတဲ့အကြောင်းကိုလည်း မချန်မလှပ်ခဲ့သလို ဖွင့်ပြောထားတာကို သူအခုထိအဖြေမပေးရသေးတဲ့အကြောင်းကိုလည်း ပြောပြဖို့ မမေ့လျော့ခဲ့။ အကုန်လုံးပြောပြပြီးတဲ့နောက်တော့ ထမင်းရောဟင်းရောကျက်သွားပြီမို့ Jeongwoo ထမင်းတွေကို ပန်းကန်တွေထဲခွဲထည့်ရင်း စားပွဲပေါ်ကိုသယ်သွားလိုက်သည်။ရေတစ်ခွက်သောက်ပြီး မောနေတဲ့သူ့ပါးစပ်ကိုလည်း အမောဖြေရသေးသည်။

Anti-Poetic • ʰʲʷWhere stories live. Discover now