Chapter 15

401 71 6
                                    

"အခုက ထုတ်ကုန်အသစ်ကိုကြော်ငြာပေးရမဲ့ shootingရိုက်ရမှာဆိုတော့ Haruto-shi အပြာရောင်ဝတ်ရင်ရောဘယ်လိုလဲဟင်"

Harutoက စာချုပ်ချုပ်ပြီးတဲ့နောက်အပတ်အတွင်းမှာပဲ Samsung ပစ္စည်းတွေနဲ့ ပက်သက်ပြီး အလုပ်စလုပ်ရ၏။ အလုပ်ဆိုပေမယ့်လည်း shootingတွေရိုက်ရရုံလောက်ပဲ ရှိသေးတာမို့ သိပ်တော့အပန်းမကြီး။သူ အခုရောက်နေတာက ဓာတ်ပုံရိုက်ကွင်းတစ်ခုရဲ့ artistအခန်းမှာဖြစ်တယ်။

Harutoက Companyဘက်က စီစဥ်ပေးထားတဲ့ stylishကို ခေါင်းငြိမ့်ပြလိုက်ပြီး သူထုတ်ပေးလာတဲ့ အပြာရောင်outfitကို ယူရင်း အဝတ်လဲခန်းထဲဝင်သွားတယ်။

နက်ခ်တိုင်မပါတဲ့ အဖြူရောင်အောက်ခံအကင်္ျီက ရိုးရိုးရှင်းရှင်းလေးဖြစ်နေပြီး အပေါ်က မိုးပြာရောင် Suitကတော့ ကော်လံအနားမှာ ဒီဇိုင်းတချို့ဖောက်ထားတယ်။ Harutoက ဝတ်စုံပြည့်ဝတ်ပြီးတာနဲ့ ရိုက်ကွင်းရှိတဲ့ဘက်ကိုပဲ တန်းသွားပြီး ဓာတ်ပုံဆရာကိုနှုတ်ဆက်တယ်။

"ဘယ်လိုပုံမျိုးရိုက်ရင် အဆင်ပြေမလဲ ဆရာ"

"အင်း ပစ္စည်းကိုသေသေချာချာပြရမှာဆိုတော့ အဲ့ဒါကိုပဲ အသားပေးပြီး postပေးစေချင်တယ်"

"ပစ္စည်းအသားပေးဖို့ဆို ဘယ်လိုမျိုးကိုပြောတာမျိုးလဲ တခြားကြော်ငြာတွေရိုက်သလို postပေးရင်ဖြစ်လား"

"ရတာပေါ့ မင်းသားရဲ့! ဘာမှစိတ်ပူမနေဘဲ အရင်တုန်းကအတိုင်း လုပ်သွားရုံပဲ"

"ဒါဆို အဆင်ပြေပါတယ်"

Harutoက ခုချိန်ထိသူက ဘာပစ္စည်းကို သေချာကြော်ငြာပေးရမလဲဆိုတာမသိသေးဘူး။အဲ့ဒါကတော့ Hyakunတစ်ယောက်ကြောင့်ပေါ့။ ဒီSamsungနဲ့အလုပ်တွဲလုပ်တဲ့အချိန်ကစပြီး Harutoက ဘာမှကိုခေါင်းထဲထည့်မထားဖြစ်ဘူး။ထည့်ထားရအောင်လည်း ဒီအလုပ်ကို မိတ်ဆက်ပေးတဲ့သူက Hyakunဆိုတော့ သူ့ကိုပဲ အားလုံးအပေါ် လုပ်ပိုင်ခွင့်ပေးထားတာမို့ ကိုယ်က မသိတာမျိုး။ နဂိုတည်းက သူက ဒီအနုပညာရှင်အလုပ်ကို ကြိုက်လွန်းလို့လက်ခံခဲ့တာလည်းမဟုတ်၊ အပျော်တမ်းဝင်လုပ်ရင်း Companyက သူ့ကိုအလားအလာရှိတယ်ဆိုပြီး ဆွဲခေါ်ထားခဲ့ခြင်း။

Anti-Poetic • ʰʲʷWhere stories live. Discover now