Chapter 19

318 63 5
                                    

ကြေညာရိုက်ကွင်းတစ်ခုရဲ့ အချိန်ပိုင်းရပ်နားချိန်တစ်ခုတွင်ဖြစ်သည်။ ပြာတီးပြာယာနဲ့ သူ့ဆီကို ယမန်ညကပဲ ပြန်ရောက်တဲ့ Hyakunက ဘာတွေပြောချင်နေသည်လဲတော့မသိ။ မထုံတတ်တေးမျက်နှာနဲ့ စကားကိုပြောမှာလိုလို မပြောတော့ဘူးလိုလိုလုပ်နေတာကြောင့် Harutoက လက်ထဲက ပန်ကာအသေးလေးကိုရပ်လိုက်ပြီး

"အကိုHyakun ပြောစရာရှိနေလို့လား"

"ရှိ... မရှိပါဘူး"

"ပြောစရာရှိရင် မြန်မြန်ပြောမှပေါ့ ဘာကိစ္စမို့လို့လဲ"

မျက်မှောင်တွေကို ကျဥ်းလိုက်ပြီး မိမိထိုင်နေတဲ့ခေါက်ထိုင်ခုံဘေးကို လာရောက်ပြီး ငုတ်တုပ်ဝင်ထိုင်နေတဲ့ မန်နေဂျာရဲ့စကားကို Harutoစိတ်မရှည်စွာ စောင့်နေရသည်။

"သူဌေးက ruto-sanကို ဂျပန်ကိုပြန်လာခဲ့ဖို့ မှာလိုက်တယ်"

"ဘာလို့တဲ့လဲ"

"ကုမ္ဘဏီက ဒေဝါလီခံရတော့မယ်လို့ ပြောတယ် ရှယ်ယာစျေးတွေလည်း ထိုးကျနေတယ်"

Harutoက ကြော်ငြာရိုက်တဲ့အခါ ပြောရမဲ့ ဇာတ်ညွှန်းစာရွက်ကို ပိတ်လိုက်ပြီး ဘယ်ဘက်ဒူးအပေါ် ညာခြေထောက်လေးတင်လိုက်ရင်း

"အဲ့ဒါက ကျွန်တော်နဲ့ဘာဆိုင်-?"

"သူဌေးပြောတာတော့ ကုမ္ပဏီက အနုပညာရှင်တွေအားလုံးကို အလုပ်ထုတ်ရမဲ့ကိန်းရှိတယ်ဆိုပြီး... ဒါပေမယ့် သေတော့မ​ေသ​ချာပါဘူး"

"ဒါဆို Asahi Hyungတို့ Keita Hyungတို့ကထုတ်ခံရမယ်လို့ပြောချင်တာလား ဒီသူဌေးစုတ်က ဘာကိစ္စ စောက်လုပ်ကိုသေချာမလုပ်ရတာလဲ"

Harutoက သူ့ဘဝမှာ တစ်သက်တာပေါင်းလာခဲ့တဲ့ သူငယ်ချင်းညီအကိုမောင်နှမတွေကို စွန့်လွှတ်ရလောက်တဲ့အထိ မေတ္တာတရားမမဲ့သေးဘူး။Hyakunဆီက စကားကြားကြားချင်း CEOဆိုတဲ့ဘိုးတော်ကြီးဆီ Haruto ဖုန်းကို အပြေးအလွှားဆက်မိတယ်။ တစ်ဖက်ကလူက ဘာတွေအလုပ်ရှုပ်နေလဲမသိ တော်တော်နဲ့ဖုန်းမကိုင်။

"ဟယ်လို?"

"ခင်ဗျား ဘာအကြံတွေထုတ်နေပြန်တာလဲ "

"Haruto မင်း ငါ့ကိုဘာများမှတ်နေလဲ နည်းနည်းပါးပါး လေးလေးစားစားလေးဆက်ဆံပါကွ အကြီးကို မရိုမသေနဲ့"

Anti-Poetic • ʰʲʷWhere stories live. Discover now