Chapter 14

359 73 15
                                    

"ခင်ဗျား ဘာလို့ဒီရောက်နေတာလဲ"

"ကိုယ်က အလုပ်ကိစ္စနဲ့ ဒီရောက်နေတာ ချာတိတ်ကရော?"

Jeongwooက မျက်နှာထားမဲ့လိုက်ပြီး Harutoကို လက်သီးဆုပ်ပြလိုက်တယ်။ပြီးတော့မှ မျက်ထောင့်နီနီနဲ့သူပြောတာက

"ကျွန်တော့်ကို ချာတိတ်လို့မခေါ်ပါနဲ့ဆို... ခင်ဗျားပြောတယ်လေ ဟို...ဘာzo?  Shinzoဆိုလား အဲ့လိုခေါ်မယ်ဆိုပြီးပြောထားတယ်မလား ကိုယ့်စကားကိုတည်စမ်းပါ"

Harutoက အဓိပ္ပာယ် မသိဘဲ သူ့ကိုအတင်းလာခေါ်ခိုင်းနေတဲ့ ကောင်လေးကြောင့် ရီလိုက်ပြီး လက်ပိုက်ကြည့်နေတယ်။ ဒေါသထွက်နေသေးပုံရတဲ့ ကောင်လေးက ရဲဝတ်စုံအပြည့်ဝတ်ထားပြီး နှဖူးမှာလည်း ချွေးတွေနဲ့ ပင်ပန်းထားပုံပေါ်နေတာတောင် သူ့မျက်လုံးထဲမှာတော့ ချစ်ဖို့ကောင်းနေတုန်းပဲ။

Harutoက လက်သီးဆုပ်ပြထားတဲ့ Jeongwooလက်ကို လှမ်းဆွဲကိုင်လိုက်ပြီး သူ့ပါးပြင်ပေါ်ကို ထိကပ်လိုက်တယ်။ နီးကပ်သွားတဲ့ သူတို့မျက်နှာနှစ်ခုက တစ်ပေဝက်လောက်ပဲ ကွာဟမည်။ သန့်စင်ခန်းဟာလည်း လူမရှိနေသည့်အတွက် တိတ်ဆိတ်ကာ မျက်နှာရဲနေတဲ့ ကောင်လေးတစ်ယောက်ရဲ့ရင်ခုန်သံကိုပင် ကြားရတော့မည်အထိ။

Jeongwooက သူ့လက်သီးနဲ့ထိသွားတဲ့ Harutoရဲ့ မျက်နှာအစိတ်အပိုင်းတစ်ခုကြောင့် သူ့ရဲ့ကျန်လက်တစ်ဖက်ကို ဘောင်းဘီအစအား တင်းကြပ်စွာဆုပ်ကိုင်လိုက်မိရင်း မေးရိုးတွေကပါ တင်းသွားတယ်။

"ကဲ ခေါ်မိလို့ ကိုယ် မင်းဆီက အထိုးခံပြီးပြီနော်"

Jeongwooက Harutoပါးပေါ်က သူ့လက်ကိုဖယ်ချပြီး အနည်းငယ်မျက်မှောင်ကြုပ်ပြီး "နောက်ခါဆို နာအောင်ထိုးပစ်မှာ! ချာတိတ်လို့ မခေါ်နဲ့"ဟု ပြောတော့တယ်။ ပြောပြီးတာနဲ့ ခြေလှမ်းတွေကို သန့်စင်ခန်းဆီမှ ထွက်ခွာဖို့ သူလုပ်နေမိတယ်။

သန့်စင်ခန်းက ထွက်ခါနီး သူ့နားနားလေးကို တိုးကပ်ရင်း နှစ်ကိုယ်ကြားပြောသွားတဲ့ လူကြီးရဲ့ ချိုသာငြိမ့်ညောင်းမှုတွေပြည့်နေတဲ့ စကားက

"ဟုတ်ပါပြီ နောက်ဆို ကိုယ် အဲ့လိုမခေါ်တော့ဘူးနော်"တဲ့။

Park Jeongwooဟာ Harutoထွက်သွားတော့မှ သက်ပြင်းချနိုင်ပြီး စိတ်ထဲက ကြိမ်းမောင်းလိုက်တယ်။

Anti-Poetic • ʰʲʷWhere stories live. Discover now