Chapter 10

428 71 7
                                    

"Ruto-san? Haruto? Ya!"

"ဟင်ဟင်"

Harutoက အတွေးလွန်နေတာကြောင့် မန်နေဂျာအကိုရဲ့ခေါ်သံကို အတော်လေးကြာမှပဲ ပြန်ထူးနိုင်တယ်။မန်နေဂျာက သူလှည့်ကြည့်လိုက်တော့ တွန့်ဆုတ်တွန့်ဆုတ်လုပ်နေတာကြောင့် မေးဆတ်ပြလိုက်တယ်။

"ငါပြောစရာရှိတာက..ဟို... သူက ငါ့ညီလေးလေ အခုသူ့အိမ်ကနှင်ချလိုက်လို့ ငါတို့နေတဲ့အိမ်မှာ သူတို့ခေါ်ထားလို့ရမလား"

Harutoက hyakunလက်ညိုးထိုးပြတဲ့ကောင်လေးကိုကြည့်လိုက်တော့ မျက်ပေတုန်းလေးက မျက်ရစ်တောင်မပါပဲ သူ့ကိုစိုက်ကြည့်နေတယ်။

"သူက မင်းဘာခိုင်းခိုင်းရတယ် ငါကြိုပြောထားပြီးသား ဟုတ်တယ်မလား Michi-kun!"

Hyakunသည် သူ့ဘေးနားက အနှီကောင်လေးကို လက်ဖြင့်တဗုန်းဗုန်းမြည်အောင် ရိုက်လိုက်ပြီး မျက်ရိပ်မျက်ကဲပြမှ ထိုကောင်လေးက Harutoကို ခေါင်းငုံ့ပြတယ်။အမှန်တော့ Hyakun ဒီကလေးနဲ့ဘယ်လိုဆက်သွားရမလဲမသိ အသက်မေးကြည့်တော့လည်း 17ပဲရှိသေးသည်တဲ့။စကားကလည်း နည်းပါဘိ၊ သူ့နာမည်မေးတာတောင် မဖြေလာပဲ Kimဆိုတာလေးတစ်လုံးပဲ ပြောလာတဲ့အတွက် Hyakunက ကိုယ့်ဘာကိုယ်ပဲ နာမည်ပေးထားလိုက်တယ်။ "Kim Michi (ကင်မ် မိချိ)"ဟူ၍ပင်။ Kimကတော့ မျိုးရိုးနာမည် ဖြစ်ပြီး  မိချိကတော့ ဂျပန်စကားလုံးဖြစ်သည်။ အဓိပ္ပာယ်မှာကား "လမ်းကြုံရင်းတွေ့" ဟူသော အဓိပ္ပာယ်ရသည်။

ဘယ်လိုပဲဆိုစေကာမူ အသက်မပြည့်တဲ့ ကလေးကို အတင်းနှင်လိုက်လို့ လမ်းမှားရိုက်သွားမှာကိုလည်း Hyakunက စိုးရိမ်သည်။ သူက အနည်းဆုံးတော့ Harutoလိုချေမိုးနေတဲ့ typeလည်းမဟုတ်၊ ဂရုဏာသက်ဝင်ပြီးသနားတတ်တဲ့ ဓာတ်ခံလေးလည်းရှိသေးတော့ မတတ်နိုင်တဲ့အဆုံး ဒီကောင်လေးကိုခေါ်ထားရုံအပြင် ဘာမှမတတ်နိုင်ဘူး။ မတုန်မလှုပ်နဲ့စကားနည်းတဲ့ ဒီကလေးကို ဘယ်လိုများ သူ့အလုပ်တွေကူခိုင်းရမလဲစဥ်းစားရင်း ခေါင်းခြောက်နေသည်။

ဒီလိုနဲ့ သူတို့ကားလေးက အိမ်ရှေ့ကိုရောက်လာပြီး Hyakunကတော့ Harutoကို ခေါင်းတစ်ချက်ငြိမ့်ပြီး ဦးညွှတ်ရင်း ထိုကလေးအား အိမ်ထဲကို ဆွဲခေါ်သွားသည်။ Harutoကတော့ တစ်ဖက်လမ်းက အိမ်ကိုမျှော်ကြည့်ရင်း ဆွေးမြေ့နေတဲ့ သူ့ရဲ့မျက်ဝန်းတွေကိုငုံ့စိုက်ချရင်း အိမ်ထဲဝင်လာတယ်။

Anti-Poetic • ʰʲʷWhere stories live. Discover now