Chapter 23

295 58 14
                                    

ယနေ့သည် ​ရက်ရာဇာဖြစ်၏။ သို့သော် စိတ်အခြေအနေမကောင်းတာကြောင့် Park Jeongwoo ပြက္ခဒိန်က 23ဆိုတဲ့စက္ကူရွက်ကို ဆဲွဖြုတ်လိုက်သည်။မိုးလင်းတည်းက ကံမကောင်းခြင်းများစွာတို့ကြောင့် အလုပ်ကိုနေ့တစ်ပိုင်းနားပြီး အဖော်တစ်​ေယာက်လက်ကိုဆွဲကာ ကြုံရာအရက်ဆိုင်ထဲဝင်လိုက်သည်။

နောက်ဆက်တွဲအကျိုးဆက်အနေနဲ့ အခုချိန်မှာတော့ သူဟာ မူးမူးရူးရူးနဲ့ လက်ထဲက ဆိုဂျူထည့်ထားတဲ့ဖန်ခွက်ကိုလည်း စားပွဲပေါ်ပစ်ချလိုက်သည့်အားက ကြေမကွဲရုံတမယ်။ သေချာပါသည်။ Park Jeongwoo မူးနေပြီ။

"တောက်!"

"ဘာဖြစ်ရပြန်တာလဲ"

"Harutoက ရည်းစားရသွားပြီထင်တယ်"

"ဟမ် ဘာမဟုတ်တာတွေပြောနေတာလဲ သူကမင်းပဲကြိုက်နေတာလေ"

"အာညီး.... သတင်းတွေတက်လာပါတယ်ဆို အေ့... သူနဲ့မင်းသမီးဘာဆိုလားက တွဲနေတာတဲ့"

"အဲ့ဒါက အနုပညာလောကရဲ့လှည့်ကွက်တွေလေကွာ"

ဘေးနားကနေ ထိုင်ပြီးပြောနေတဲ့ So Junghwanရဲ့စကားတွေကို ကျွန်တော် မယုံနိုင်ပါ။ နောက်လဆိုရင်ပဲ ထွက်သွားတာကဖြင့် တစ်နှစ်ကျော်နေပြီ။

သူပြန်လာမဲ့ရက်ကိုစောင့်ရတာက တအားကို ပင်ပန်းရလွန်းသည်။ ပျင်းဖို့လည်းကောင်းလွန်းသည်။ လက်လျှော့ပစ်လိုက်ချင်သည်အထိ အဆက်အသွယ်တွေဖြတ်ပစ်ချင်ပေမယ့်လည်း တကယ့်တကယ်မှာမပြတ်နိုင်တာကလည်း ကိုယ်ပဲဖြစ်နေသည်။ ဟိုက အကောင်းတိုင်းရှိနေသေး၏။

"အဲ့ဒါဆိုလည်း ငါ့စာတွေကိုပြန်မှပေါ့ သူကအဆက်အသွယ်လည်း... မလုပ်ဘူး အေ့"

"မင်းမူးနေပြီ ဟေ့ကောင်! လာပါကွာ ပြန်ကြစို့"

ဆွဲခေါ်နေတဲ့သူက ဂုန်းဆင်းရတာဝသွားလို့ထင်ပါသည်။ ပန်းကန်တွေထဲကိုကြည့်လိုက်တော့ ဘာစားစရာမှမကျန်တော့ပေ။ ကျန်နေခဲ့တဲ့တစ်ခုတည်းသောအရာက အရက်ပုလင်းဖြစ်သည်။ ဆိုဂျူလို့ပြောရင် ပိုမှန်မှာပေါ့ တော်ကြာဝီစကီတို့ ယူစကီတို့ထင်နေကြမှာစိုးလို့။ ကျွန်တော်က အထားခံခဲ့ရပေမယ့် အရက်ရဲ့ကျေးကျွန်ဖြစ်မဲ့အထဲတော့ မပါဘူး....။

Anti-Poetic • ʰʲʷWhere stories live. Discover now