Chapter 24

333 60 9
                                    

မနက်ခင်းနိုးထလာမှုသည် စိုပြေလန်းစမ်းခြင်းမျိုးရှိမနေ။ မူးချင်ချင်ဖြစ်နေတဲ့ ခေါင်းသည် ကစဥ့်ကလျားထိုးကိုက်နေသည်။ ခန္ဓာကိုယ်က လေးလံကာ ထိုင်းမှိုင်းနေတဲ့အပြင် ထပါ မထချင်တော့။

ဘေးဘီကိုလှည့်ကြည့်တော့ ကိုယ့်အိမ်ကိုယ့်ရာမဟုတ်၊ ဧည့်ခန်းထဲက ယာယီခေါက်ကုတင်လေးပေါ် မွေ့ယာအထူကြီးခင်းပြီး စောင်ပါးပါးလေးနှင့် အိပ်နေရခြင်း။ အကိုဖြစ်သူက အကြင်နာတရားကြီးမားလိုက်ပါပေ့!

အိမ်ကဖြင့် အန္တာတိကတိုက်လောက် ကျယ်ပြီးအခန်းတွေကလည်း ပေါသောနေတာမို့ ဘယ်လိုလို့ဒီလိုအအေးပတ်စေနိုင်မဲ့ ဧည့်ခန်းကြီးထဲခေါ်လာပြီး အိပ်ခိုင်းထားရက်တာလဲ?

ဖုန်းကိုကောက်ယူကြည့်တော့ ဟိုငနာကောင် Junghwanဆီက ဖုန်းခေါ်miss callတွေသာရှိနေပြီး ထွက်ပြေးသွားတဲ့ မင်းသားအစုတ်ပလုတ်ရဲ့ messageက တစ်စောင်မှရှိမနေ။ မနက်ခင်းသည် စိတ်ပျက်စရာ!

"နိုးနေပြီလား"

"စကားပြောချင်စိတ်မရှိဘူး Hyungကို"

"ငဂျစ်ကတော့ကွာ... စိတ်ကောက်မနေနဲ့ လာကြည့်အုံး ဒီကို"

ခေါင်းမူးနေတာမို့ ယိုင်တိယိုင်နဲ့ဖြင့် လျှောက်သွားလိုက်ကာ ထမင်းစားပွဲရှေ့အရောက် ကြိုဆိုနေတဲ့ အကို့လက်မောင်းအား လက်သီးဖြင့်သာသာထိုးမိသည်။ စားပွဲပေါ်က ဟင်းတွေကိုမြင်တော့ ထိုးမိတာကိုပြန်ရုတ်သိမ်းရလိုလို.... ထိုဟင်းတွေက ကျွန်တော့်အကြိုက်ဆုံးတွေ!

"Hyung ချက်ထားတာလား"

"ဘယ်ကလာ... ဝယ်ထားတာ!"

"ဪ"

ပင်ပန်းခဲ့ပုံရလို့ချီးကျူးမည်ကြံမိသော စိတ်ကလေးကိုသာပြန်ရုတ်သိမ်းလိုက်သည်။ အတွေးမှားခဲ့သည် အဲ့သည်လောက်စေတနာကောင်းနေရင် ကျွန်တော့်အကိုလို့တောင် ခေါ်ရမှာမဟုတ်တော့ဘူး။

"မြန်မြန်မျက်နှာသစ်၊ သွားတိုက်ချေ! ဒါစားပြီးရင် လေဆိပ်ကိုသွားရမှာ ommaတို့အလည်လာမယ်တဲ့"

"ဟင်?"

"ဟုတ်တယ် မင်းကိုဖမ်းချင်နေကြတာလေ ကြာပြီမလား အိမ်ကထွက်သွားတာ... တစ်ခေါက်တောင်ပြန်မလာဘူး ဖုန်းလည်းမဆက် စာလည်းမပို့နဲ့ အခုတစ်ခေါက်တော့ တွေ့လိုက်အုံး"

Anti-Poetic • ʰʲʷWhere stories live. Discover now