Chapter 17

361 66 22
                                    

"ဒီနေ့က super sundayပဲ Jeongwoo စခန်းသွားဖို့မလိုဘူးမလား"

Harutoက မနက်စောစောစီးစီးထပြီး အားကစားဝတ်စုံနဲ့ တက်ကြွတဲ့ ကြက်ဖကြီးတစ်ကောင်လို ဝရံတာမှာ ခုန်ပေါက်နေတယ်။ အကြောင်းကတော့ သူ့လက်ထဲမှာရှိတဲ့ ဖုန်းဆီက အသံလေးကြောင့်။

အိပ်ချင်မူးတူး အသံကအစ အူယားစရာလေးမို့ Harutoက သူ့ဖုန်းcallကို recordသွင်းထားမိတယ်။နောက်ပြီး ဒီဖုန်းနံပါတ်က ရွှေထက်တန်ဖိုးကြီးတယ်... သူ့မှာ မနည်းရုန်းကန်ကြိုးစားပြီးမှ ဒီနံပါတ်ကိုရခဲ့ရ၏။ သိပ်တော့လည်း အဆင်မပြေလှ၊ ဟိုတလောကပဲ ရဲစခန်းအထိသွားပြီး တစ်ဝိုင်းကျွေးလိုက်ရတာတောင် သူတို့က ဘာကိုကပ်စေးကုပ်နေကြသည်လဲမသိ၊ ဒီနံပါတ်ကို မပေးချင်ကြ။ ကာယကံရှင်ကလည်း မပြောထားတော့ Harutoခင်ဗျ "နာမည်ကြီးထမင်းငတ်"ဆိုတဲ့အတိုင်း "ငါးမရ ရေချိုးပြန်"သည့်အလုပ်နဲ့ပဲ တိုးခဲ့ရ၏။

အဲ့နောက်တော့ စခန်းက ခပ်ငယ်ငယ်ကောင်လေးက မုန့်ထပ်ဝယ်ကျွေးရင် kakao accountရော ဖုန်းနံပါတ်ပါပေးမယ် အဆင်ပြေရင် Instagram accountပါ လင်းပေးအုံးမည်ဆို၍ သူ့ရဲ့ silver cardကြီးတစ်ခုလုံးကို သဒ္ဓါတရားထက်ထက်သန်သန်နဲ့ သုံးပေးခဲ့လိုက်တော့၏။ အခုအခြေအနေအရတော့ ဖုန်းလေးဘာလေးဆက်၊ မက်ဆေ့ချ်လေးဘာလေးပို့ပြီး အီစီကလီလုပ်ရတဲ့အနေအထားက မတတ်နိုင်သေးပေမယ့်လို့ပေါ့....

"အွန်း...."

"အာ့ဆို Jeongwoo ဒီနေ့ ချိန်းထားတာတွေဘာတွေရော ရှိလား"

"အွန်း...."

"ကိုယ်နဲ့ gymတူတူသွားဆော့မလား"

"အွန်း......."

သူဘာပြောပြော တစ်ဖက်လူက လေးတိလေးတွဲအသံနဲ့ တအွန်းတည်း အွန်းနေတာမို့ Harutoက ခပ်တည်တည်နဲ့

"အာ့ဆို ကိုယ့်ကိုရော ချစ်လား"

"အွန်း...."

သေချာပေါက်အွန်းပဲဖြေလာတဲ့ ကောင်လေးကြောင့် Harutoက မြည်းကြီး ကြာပွတ်နဲ့ရိုက်ခံသလို ထိန်းမနိုင်သိမ်းမရတွေဖြစ်ပြီး ခွက်ထိုးလန်တောင် အော်ရီတော့တယ်။

"တကယ်လား Jeongwooရဲ့! ချစ်တယ်ဆိုရင်လည်း ကိုယ်တို့တွဲရအောင်လေ"

Anti-Poetic • ʰʲʷWhere stories live. Discover now