Chapter 26

391 58 9
                                    

"ဘာလုပ်နေတာလဲ အဲ့ဒါက?"

ရေမချိုးခင် hyakunက အလည်ဘာအုံးမည်ဆိုပြီး အခန်းတံခါးကိုဖွင့်ထားခဲ့ကာ ရေချိုးနေလိုက်သည်။ bathrobeဝတ်ပြီး ရေမပြောင်သေးတဲ့ ခေါင်းကိုတဘက်နဲ့သုတ်ရင်း ထွက်လာလိုက်တော့ သူခိုးလေးတစ်ယောက်နဲ့ ပက်ပင်းတိုးသည်။

အံဆွဲတွေထဲကို ဘာရှာနေတာမှန်းမသိ သူ့စိတ်ကြိုက်ပိုင်စိုးပိုင်းနင်းလုပ်နေတဲ့ သူကလေးက အတော်ပိန်သွားသည်။ ဘယ်လောက်များ အစာရှောင်ခဲ့လို့လဲ?

"Haruto? "

"ဘာလို့ကျွန်တော့်အမေအခန်းထဲရောက်နေတာလဲ?"

"ဒါ ကိုယ့်အခန်းလေ သေချာကြည့်အုံး အခန်းနံပါတ်106"

"ဒါ 109မဟုတ်ဘူးလား...?"

ပြာပြာယာယာနဲ့အနောက်ဘက်ကို တစ်ချက်လှည့်ကြည့်လာပြီး လန့်သွားတဲ့သူကို စကြည့်ဖို့ အနားကိုကပ်လိုက်တော့ ကြောက်ကြောက်လန့်လန့်နဲ့ နောက်ဆုတ်သွားလေသတဲ့။

"ဒါနဲ့နေပါအုံး ခင်ဗျား! ဘာလို့ခုမှ​ြပန်လာတာလဲ"

"အခုမှ အလုပ်တွေပြီးလို့"

"ကျွန်တော့်ကိုဖုန်းမဆက်တာကရော"

"ဒါကတော့ ကိုယ်က ပျော်စရာလေးတွေ့နေပြီမို့"

"ဘာကြီး?"

နောက်ဆုတ်ရင်းနဲ့ ပစ်လဲသွားတဲ့သူက ကုတင်ပေါ်မှာထိုင်ပြီး နံရံကို အားပျော့စွာမှီရင်း လုံးလုံးကလေး နေရာယူ၏။ ဝဲတက်လာတဲ့ မျက်ရည်တွေက တကယ်ပဲ ကျွန်တော်အသစ်တစ်ယောက်ရနေပြီလို့ စဥ်းစားနေတဲ့ပုံ။ တကယ်တမ်း အသစ်ရနေတာက သူမဟုတ်ဘူးလား....

"ဟို ဘာလဲ ရုပ်ဆိုးဆိုးနဲ့မင်းသမီးလား"

"သူများကို ရုပ်ဆိုးတယ်လို့မပြောရဘူးလေ Jeongwoo"

သူထိုင်နေတဲ့မျက်နှာချင်းဆိုင်နေရာကို ယူပြီး ကုတင်ပေါ်ထိုင်လိုက်တော့ တခြားဘက်ကို ခေါင်းလှည့်သွားသော Jeongwoo။

"ခင်ဗျားက အခုတော့ သူများအတွက်နဲ့တောင် ကျွန်တော့်ကိုဆူနေပြီ"

"ဘယ်မှာဆူလို့လဲ"

"အခုလေ အခုဆူနေတာ ခင်ဗျားရဲ့အသစ်လေးဆီပဲ သွားပါ့လား"

Anti-Poetic • ʰʲʷWhere stories live. Discover now