Part-1

19.9K 1K 19
                                    

My Omega Kim

Part-1

(Unicode)

ဆိုးလ်မြို့၏ညဘက်ပိုင်း ချမ်းအေးလွန်းသည့် ဆောင်းရာသီ။
အဖြူရောင်နှင်းပွင့်လေးများကျဆင်းနေလျက်ပင်။လူသူသွားလာမှု အလွန်နည်းပါးလွန်းသည့် ဆင်ခြင်ဖုံးရပ်ကွက်လေးအတွင်းတွင်မူ...

" ရော့...ဒီနေ့အတွက်ကတော့ မင်းအတွက်ဒီလောက်ပဲ..."

" ဟျောင့်... ငါ့ဝေစုက အဲ့ထက်များရမှာလေ... "

" ဂျေဒင်... မင်းလောဘမကြီးနဲ့... မင်းငါ့ကို ဆပ်ရမဲ့ အကြွေးတွေပါ ဖြတ်​ပြီးတခါတည်းပေးထားတာလေ... "

ဂျေဒင်သည် သူ့လက်ထဲရှိ သရေပင်ဖြင့်လိပ်ကာစည်းထားသည့် ပိုက်ဆံအလိပ်လေးအားကြည့်ကာ အားမရချေ...

" ဟား...ဟား... ဂျေဒင် မင်းကအမြဲအကြွေးဆပ်နေရတာပဲကွာ..."

" ဂျန်း...မင်းပါးစပ်ပိတ်ထား... "

ဂျေဒင် နှင့် ဂျန်း အပြန်အလှန် စကားနိုင်လုနေကြသည်။

"  ဂျေဒင်... ဂျန်း... မင်းတိုတော်တော့...
ဂျောင်ဂု မနက်ဖြန်ခွင်ကြီးကြီးတစ်ခုရှိတယ်။
သေသေချာချာချာ သပ်သပ်ရပ်ရပ်ဝတ်စားလာခဲ့..."

" ငါ့ရဲ့အခုပုံစံကရော မသပ်ရပ်လို့လား..."

လည်ပင်းပိတ် ဆွယ်တာအနက်ရောင်နှင့် ဂျင်းဘောင်းဘီအပြဲအနက်ကိုဝတ်ဆင်ထားကာ ဆိုင်ကယ်ထိုင်ခုံပေါ်တွင်နေသည့် ဂျောင်ဂု...

" အေးလေ... အကိုကြီး နမ်ဂျွန်းကလည်း ကျနော်တို့ပုံစံက အမြဲသပ်ရပ်နေတာပဲကို...အဲ့တာအပြင် ကောင်မလေးတွေကိုလည်း အလွယ်တကူ ဖမ်းစားနိုင်သေးတယ်..."

ဂျန်း ၏ အပြောကို ဂျေဒင်က ထောက်ခံတယ်ဆိုသည့် ပုံစံဖြင့် လက်ဝါးချင်းရိုက်ကာ ခပ်ပြုံးပြုံးပင်။

ဂျေဒင်သည် အင်္ဂလိပ်လူမျိုးဖြစ်ကာ မိဘတွေမရှိတော့ချေ။မျက်လုံးပြာပြာ၊အရပ်ရှည်ရှည် အသားဖြူဖြူ နှင့်ထပ်ထွားထွားပင်။
လက်ရုံးရည်ကြွယ်ဝပေမဲ့ အကျင့်ဆိုးလေးရှိတတ်သည်။
သူရဲ့အကျင့်ဆိုးကတော့ တွေ့သမျှမိန်းကလေး ကြောင်တတ်သည့်အကျင့်ပင်ဖြစ်သည်။

My Omega Kim (Completed) حيث تعيش القصص. اكتشف الآن