My Omega Kim
Part-8
(Unicode)
နေလေးအနည်းငယ် ပွင့်လာပြီဖြစ်သည့် နေ့ခင်းပိုင်းလေး။
အနွေးဓာတ်တို့က မြေပြင်ပေါ်သို့
အနည်းငယ် ပြန့်ကျက်နေလျက်ရှိသည်။အချစ်တွေပြည့်နေခဲ့သည့်အခန်းလေးအတွင်းမှထွက်လာပြီဖြစ်တဲ့ ထယ်ယောင်းသည်မီးဖိုခန်းသို့ ဦးတည်လိုက်သည်ပင်။
နေ့လည်စာစားနေသည့် လူအုပ်ကြောင့် ခြေလှမ်းတို့က ရပ်တန့်သွားသည်။
" ဟာ... အကိုကင်မ်ထယ်ယောင်း... နိုးပြီလား... "
" ငါတို့နဲ့အတူလာထိုင်လေ... ထယ်ယောင်း... "
အယ်လီနှင့်ဂျေဒင်သည် ထယ်ယောင်းအား
နှုတ်ဆက်ကာ ခေါ်သော်လည်းထယ်ယောင်း
သူရပ်နေသည့်နေရာတွင်သာကျောက်ရုပ်တစ်ရုပ်လို ရပ်တန့်နေသည်ပင်။ရွတ်!...
" ကိုယ့်ရဲ့ကင်မ်လေး... "
ဂျောင်ဂုသည် ထယ်ယောင်း၏ပါးပြင်အား ထိကပ်နမ်းရှုံ့ကာ ထမင်းစားဝိုင်းသို့သွားထိုင်နေသည်။
" ဝိုး... အချစ်မှာ ယစ်မူးနေကုန်ပါလား... "
ဂျန်း၏ အပြောကြောင့်အားလုံးမှာတစ်ယောက်မျက်နှာတစ်ယောက်ကြည့်ကာ ပြုံးစိစိဖြစ်ကုန်ကြသည်။
" ငါ့ကိုလည်း ထမင်းခူးပေးအယ်လီ... "
" ခိုင်းပြီ... အကိုဂျောင်ဂု မတရားဘူး... အယ်လီအခုမှ ထမင်းစားနေတာလေ..."
"ဘယ်သူ... အငယ်လဲ... "
" လုပ်ပြီ... အငယ်...အငယ်နဲ့... အားလုံးက ဝိုင်းခိုင်းနေကြတာပဲ... "
စူပုတ်ပုတ်နှင့်အယ်လီသည် ထမင်းစားဝိုင်းမှထကာ ဂျောင်ဂုအတွက် ထမင်းသွားခူးပေးနေသည်။
" ငါ့အိုမီဂါလေးအတွက်ပါ ခူးခဲ့... "
" အမလေး...အယ်လီက မပြောလည်းသိပါတယ်နော်... မနေ့ညက ထမင်းတွေဟင်းတွေကျန်နေကတည်းက အကိုနဲ့အကို့အိုမီဂါလေးတို့ မစားရသေးဘူးဆိုတာသိတယ်... "
ထမင်းပန်းကန်နှင့်အတူ တူ၊ဇွန်းတို့ကိုပါတစ်ခါတည်း ဂျောင်ဂုရှေ့ချပေးလိုက်သည့် အယ်လီ...
သူကိုယ်တိုင်လည်း သူ့နေရာတွင်ပြန်ထိုင်ကာ ထမင်းဆက်စားနေသည်။
ŞİMDİ OKUDUĞUN
My Omega Kim (Completed)
Hayran Kurguကိုယ်နဲ့မင်း ကမ္ဘာတည်သရွေ့ မရိုးနိုင်သော ချစ်ခြင်းတွေနဲ့ချစ်သွားကြမယ်... ကိုယ်နဲ့မင်း ကမ္ဘာတည်သရွေ့ မရိုးနိုင်သော ချစ်ခြင်းတွေနဲ့ချစ်သွားကြမယ်... Top- Jeon Jungkook Bottom- KimTaehyung