Part-11

5.9K 560 18
                                    

My Omega Kim

Part-11

(Unicode)

ဆိုးလ်မြို့၏ညဘက် အလှရှူခင်းကို မျက်စိတစ်ဆုံးအကုန်တွေ့မြင်ရသည့် အဆင့်အတန်းမြင့် စားသောက်ဆိုင်ကြီး​တွင်ဂျောင်ဂုနှင့်ထယ်ယောင်း ညစာစားနေသည်။

" လှလိုက်တာ... "

" ဟုတ်တယ် အရမ်းလှတယ်... "

ဂျောင်ဂုကသူ၏အရှေ့တွင်ထိုင်နေသည့်
ထယ်ယောင်းအားကြည့်ကာပြောနေသည်။

" အပြင်ကရှူခင်းကိုကြည့်လေ... ငါ့ကို ဘာလို့စိုက်ကြည့်နေတာလေ... "

" လှလို့... အပြင်ကရှူခင်းက ကိုယ့်ရဲ့အိုမီဂါလေး
လှတာကို မမှီဘူး... "

" အပိုတွေ... "

ထယ်ယောင်း ဝိုင်ခွက်လေးကိုကိုင်ကာ
တစ်ငုံ့သောက်လိုက်သည်။

" မင်းရဲ့အလှက ဝိုင်လေးတွေလိုပဲ ယစ်မူးစေတယ်..."

" စကားတွေတတ်နေပါလား... "

ထိုင်ခုံမှထကာ ထယ်ယောင်း၏ အနားသို့သွားပြီး ဒူးတစ်ဖက်ထောက်ကာထိုင်ချလိုက်သည့် ဂျောင်ဂု...

ထို့နောက် အင်္ကျီအတွင်းအိတ်ကပ်လေးထဲမှ ဗူးလေးတစ်ဗူးထုတ်နေသည်။

" ဘာလုပ်နေတာလဲ... "

" ကိုယ့်ရဲ့ကင်မ်... ကိုယ့်ရဲ့ကျန်တဲ့သက်တမ်းတစ်
လျှောက်လုံးမင်းနဲ့အတူကုန်ဆုံးခွင့်ပြုပါ..."

ဂျောင်ဂု လက်ထဲရှိဗူးလေးအား ဖွင့်လိုက်ကာ...

" ကိုယ့်ကို လက်ထပ်နိုင်မလား...ကင်မ်... "

ထယ်ယောင်း နှလုံးသားလေးက မြန်ဆန်စွာခုန်လှုပ်လာလျက်။
ပျော်ရွှင်မှုက ပြောမပြတတ်အောင်ပင်။

" အင်း... လက်ထပ်မယ် ဂျွန်..."

ထယ်ယောင်း ဘယ်ဘက်လက်လေး၏ လက်သကြွယ်လေးတွင်လက်စွပ်လေးအားဝတ်ပေးလိုက်ပြီး လက်ဖမိုးလေးပေါ်သို့ ဂျောင်ဂု
အနမ်းလေးတစ်ပွင့်ပေးလိုက်သည်။

" ကိုယ်ပေးတဲ့လက်စွပ်လေး သဘောကြရဲ့လား.."

" အရမ်းသဘောကျတယ်... အရမ်းလည်းလှတယ်... "

" ကိုယ့်အ​မေရဲ့လက်စွပ်လေးလေ... ကိုယ့်ရဲ့အိုမီဂါလေးကိုတွေ့ပြီဆိုရင် ဒီလက်စွပ်လေးပေးဖို့မှာထားတာ... "

My Omega Kim (Completed) Tempat cerita menjadi hidup. Temukan sekarang