Part-5

7.9K 723 3
                                    

My Omega Kim

Part-5

(Unicode)

ညဝတ်အင်္ကျီ ဖဲပိုးသားအနီရောင်လေးဝတ်ဆင်ထားသည့် ကိုယ့်ရဲ့ကင်မ်လေးကကိုယ့်ကို အရမ်းပြုစားလွန်းနေသည်။
ခေါင်းကိုငုံ့ထားသည့် ကင်မ်သည် အရှက်သည်းလွန်းနေသည်ပင်။

"မင်း ငါ့ကို နမ်းချင်နမ်းနိုင်ပါတယ်... "

" ကိုယ့်မျက်နှာကိုသေချာတောင်စိုက်မကြည့် သေးတာ... ကိုယ့်က ဘယ်လိုနမ်းရက်ပါ့မလဲ
ကင်မ်... "

ထယ်ယောင်း သူ၏ခေါင်းလေးအား
တဖြေးဖြေးချင်း မော့လာသည်။
ဂျောင်ဂုအား လင်းလက်တောက်ပနေသည့်မျက်ဝန်းစိမ်းတို့ဖြင့် စိုက်ကြည့်နေလေသည်။

" ကိုယ့်ကို နမ်းခွင့်ပြုပါ ကင်မ်... "

" အင်း... "

မျက်လုံးလေးမှိတ်ထားသည့် ထယ်ယောင်း။
ဂျောင်ဂုနှုတ်ခမ်းလေးဖြင့် ထိကပ်သွားသည့် ထယ်ယောင်း၏နူးညံ့သည့်နှုတ်ခမ်းလေး။

နှုတ်ခမ်းနှစ်စုံက ထပ်တူကျလျက်ပင်ဖြစ်ကာ
အပေါ်အောက်တစ်လှည့်စီ စုပ်ယူနေလျက်ပင်။ထယ်ယောင်း၏ နှုတ်ခမ်းသားလေးမှတစ်ဆင့်
နယ်ကျွံလာပြီဖြစ်သည့် ဂျောင်ဂု၏ လျှာဖျားလေး။
လျှာဖျားလေးနှစ်ခုသည်မြွေနှစ်ကောင် လိမ်ပတ်နေသည့်အလားပင်ဖြစ်သည်။

ပျားရည်ကဲ့သို့ပင်ချိုမြိန်သည့် အနမ်းတို့အား အဆုံးသတ်လိုက်သည်ဖြစ်ကာ နှုတ်ခမ်းလေးနှစ်စုံကြားဖြစ်ပေါ်လာသည့် ငွေမျှင်ရောင်အ
တန်းလေး။

" ကိုယ့်ရဲ့ကင်မ်...ကိုယ့်ကို ထပ်ပြီးကင်မ်စီမှာ ကျရှူံးခွင့်ပေးပါ... "

" မကျရှူံးပါနဲ့... ငါကမင်းအတွက်ကောင်းတာတွေဖြစ်လာမှာမဟုတ်ဘူး..."

" အို ကင်မ် ကိုယ်ကမင်းစီမှာ ကျရှူံးနေပြီးသားပါ... "

" မင်းပြန်ပါတော့... "

ထယ်ယောင်းသည် သူ၏ လက်နှစ်ဖက်အားဆုပ်ကိုင်ထားသည့် ဂျောင်ဂုလက်လေးအား ဖယ်ထုတ်လိုက်သည်။

" ကိုယ့်ရဲ့ကင်မ်က ပြန်စေချင်ရင် ကိုယ်ပြန်ပါ့မယ်... "

ဂျောင်ဂု၏မျက်ဝန်းတွေအား အကြည့်လွှဲလိုက်သည့် ထယ်ယောင်း။

My Omega Kim (Completed) Where stories live. Discover now