Part-15

6.5K 560 31
                                    

My Omega Kim

Part-15

(Unicode)

သွေးတွေစွန်းနေသည့် ခန္ဓာကိုယ်လေးသည်
အရေးပေါ်ခွဲစိတ်ခန်းထဲသို့ ခေါ်ဆောင်သွားခြင်းခံရလေသည်။
အရေးပေါ်ခန်း၏ အပြင်တွင်ကျန်ခဲ့သည့်သူမှာတော့ အရူးတစ်ပိုင်းဖြစ်နေချေပြီ။

ကိုယ့်ရဲ့ကင်မ်... ကိုယ့်ကိုထားမသွားပါနဲ့။ကျေးဇူးပြု​ပြီး ကိုယ့်စီပြန်လာခဲ့ပေးပါ။
ကိုယ့်ရဲ့အိုမီဂါလေး မရှိရင် ကိုယ်သေလိမ့်မယ်။တောင်းပန်ပါတယ်ကိုယ့်ကိုတစ်ယောက်တည်းထားမသွားပါနဲ့။ကိုယ်ရူးနေပြီ ကင်မ်...
မင်းမရှိတဲ့ ကမ္ဘာလောကြီးမှာကိုယ်တစ်ယောက်တည်း အသက်ရှင်နေထိုင်နိုင်မယ်မထင်ဘူး။

သတ်ပစ်မယ်။အိုမီဂါလေးကို လုပ်ကြံတဲ့သူမှန်သမျှအကုန်ရှာပြီးသတ်ပစ်မယ်။

" ဂျောင်ဂု... "

" ဂျန်း... မင်း ငါ့ကိုတစ်ခုရှာပေး...အရေးကြီးတယ် အခုချက်ချင်းရှာပေး..."

" စိတ်အေးအေးထားပါ...ငါမင်းပြောသမျှအကုန်ကူညီပါ့မယ်..."

" ဘယ်လိုလုပ် ငါက စိတ်အေးအေးထားနိုင်မှာလဲ!... ငါ့ရဲ့အိုမီဂါလေးက အရေးပေါ်အခြေအနေဖြစ်နေတာကို ဘယ်လိုစိတ်အေးနိုင်မှာလဲ..."

ဂျန်းအပါအဝင် တခြားလိုက်လာသူများသည် ဂျောင်ဂု၏ ပုံစံကိုကြည့်ကာ စိတ်မကောင်းဖြစ်နေကြသည်။

" အားး.............. ငါ့ကြောင့်... ငါ့ကြောင့်ဖြစ်တာ...
အိုမီဂါလေးက ငါ့ကြောင့်အခုလိုဖြစ်တာ..."

" ဂျောင်ဂု!... စိတ်ထိန်းစမ်း... "

အရေးပေါ်ခန်းအရှေ့တွင် နံရံအား လက်သီးဖြင့်အကြိမ်ဖန်များစွာ ထိုးနေသည့်ဂျောင်ဂု။

" ငါရူးတာ့မယ်နမ်ဂျွန်း...ငါတကယ်ကိုရူးတော့မယ်... ငါအိုမီဂါလေးကို ချစ်တယ်ဆိုတဲ့စကား
တောင်မပြောလိုက်ရဘူး...ငါအရမ်းမှားသွားပြီ...
သူအသက်ရှင်မှဖြစ်မယ်... မဟုတ်ရင် ငါတကယ်ကိုရူးသွားတော့မှာ... "

" စိတ်ထိန်းပါ... ထယ်ယောင်းက သန်မာပါတယ်... အခုလိုအခြေအနေကို ကျော်ဖြတ်နိုင်မှာပါ... "

နမ်ဂျွန်း ဂျောင်ဂုအားနှစ်သိမ့်စကားပြောနေသော်လည်း အလုပ်မဖြစ်ပေ။
တစ်ခါမှ မျက်ရည်ကျတာမမြင်ခဲ့ရသည့် ဂျောင်ဂုကအခုသူရဲ့အချစ်ဆုံးသူအတွက် ငိုနေခဲ့သည်။

My Omega Kim (Completed) Where stories live. Discover now