My Omega Kim
Part-6
(Unicode)
အရာအာလုံးက တစ်ခဏ ရပ်တန့်သွားသလိုပင်ခံစားရသည်။သူ့ထံတွင်မျှော်လင့်ချက်ရောင်ခြည်လေး ကျရောက်လာခဲ့သလိုပင်။
" မျက်ဝန်းစိမ်းလေး... "
ဆိုင်ကယ်ပေါ်မှ လက်ပြနေသည့် သူ၏မျက်ဝန်းတွေကိုထယ်ယောင်းရင်းနှီးနေပါသည်။
ဆိုင်ကယ်ဦးထုပ်ဆောင်းထားသည်ဖြစ်သောကြောင့် မျက်နှာတစ်ခုလုံးကိုမမြင်ရချေ။
လှပ်ဟနေသည့် ထိုအညိုရောင်မျက်ဝန်းတွေကိုသာသူကောင်းကောင်းမှတ်မိနေခဲ့သည်။" သခင်လေး... ဘာဖြစ်လို့လဲ... အပြင်မှာဘယ်သူရှိလို့လဲ... "
" အော... ဘယ်သူမှမဟုတ်ဘူး... "
ထယ်ယောင်းသည် အိန်ဂျယ်လာအား ပြန်ဖြေလိုက်ကာ ကားမှန်တံခါးဘက်သို့ ပြန်လှမ်းကြည့်ပြန်သည်။
" ကိုယ့်ရဲ့ အိုမီဂါလေးက ဘယ်သွားမလို့လဲ... "
" ဂျောင်းဂု... မင်းဘာပြောလိုက်တာလဲ... "
" ဘာမှမဟုတ်ဘူး...ဂျေဒင်..."
" ဟာ... ဟိုရှေ့နားမှာ လမ်းကြောင်းတွေပြန်ရှင်းသွားပြီ...ငါတို့သွားလို့ရတော့မယ် ဂျောင်းဂု... "
ထယ်ယောင်း ဂျောင်ဂုအားတစ်ခုခုပြောချင်နေဟန်ပင်...။
တစ်ဖြေးဖြေး ရွေ့နေပြီ ဖြစ်တဲ့ဘီးလုံးများ။
ကားမှန်လေးကိုလက်လေးဖြင့်ကိုင်ထားကာ
သူအားကြည့်နေသည့် ထယ်ယောင်းသည်
ဂျောင်ဂုနှင့်ဝေးနေပြီဖြစ်သည်။" ဂျောင်းဂု...မင်းဘယ်သွားတာလဲ... ငါ့ကိုစောင့်အုံးလေ... "
ဂျောင်ဂု ဆိုင်ကယ်အားအရှိန်ဖြင့်မောင်းထွက်သွားကာ ထယ်ယောင်းတို့ကားနောက်မှ
လိုက်သွားသည်။ကိုယ့်ရဲ့အိုမီဂါလေး... မင်းတစ်ခုဖြစ်ဖြစ်နေတာကိုယ်သိတယ်။
ခုနကကိုယ့်ကိုစိုက်ကြည့်နေတဲ့ မင်းမျက်ဝန်းစိမ်းလေးတွေကဝမ်းနည်းနေသည့်အတိုင်းပဲ ကိုယ့်ကိုတစ်ခုခုပြောချင်နေတာလား။ထယ်ယောင်းသည် ကား၏အနောက်ကြည့်မှန်မှ တွေ့ရသည့် ဆိုင်ကယ်လေးကိုမြင်မိတော့
ဝမ်းသာမှုကအတိုင်းမသိအောင်ပင်။
သို့သော်တစ်ချိန်တည်းမှာပင်ကြောက်စိတ်များဝင်လာမိသည်။
YOU ARE READING
My Omega Kim (Completed)
Fanfictionကိုယ်နဲ့မင်း ကမ္ဘာတည်သရွေ့ မရိုးနိုင်သော ချစ်ခြင်းတွေနဲ့ချစ်သွားကြမယ်... ကိုယ်နဲ့မင်း ကမ္ဘာတည်သရွေ့ မရိုးနိုင်သော ချစ်ခြင်းတွေနဲ့ချစ်သွားကြမယ်... Top- Jeon Jungkook Bottom- KimTaehyung