Extra-1

4.8K 415 10
                                    


(Unicode)

တစ်နှစ်ပြီးတစ်နှစ် အချိန်တွေသာကုန်လွန်နေသည်။
အချစ်ရဆုံးသူနဲ့ကြပြန်တော့ အချစ်တွေကတိုးသထက်တိုးလာသည်။
ဒါကြောင့် လူကြီးတွေကပြောလေ့ရှိတာကို။
အသက်တွေရလာလေ အချစ်တွေကလည်း
ပိုပြီး ကြိုးလေးပမာရစ်ပတ်ကာခိုင်မာလာသည်တဲ့လေ။

ခရစ်စမတ်သစ်ပင်လေးကို အလှဆင်နေသည့် ထယ်ယောင်းက ဗိုက်ပူပူလေးဖြစ်နေသည်ပင်။
ချစ်ခြင်းတွေရဲ့ သင်္ကေတ။

" အိုမီဂါလေး...အဲ့တာတွေကို ကိုယ်လုပ်ပါမယ်...
သက်တောင့်သက်သာဖြစ်အောင်သာနေပါ..."

ဂျောင်ဂု မီးလုံးအသေးလေးတွေနှင့် သစ်ပင်အလှဆင်သည့် အရုပ်အသေးတွေကိုယူကာ ရောက်လာသည်။

" ကိုကို​​ဂျွန် ဘေဘီကိုချီ...ဘေဘီလေဆိုဖာနားထိတောင်လမ်းလျှောက်ချင်တော့ဘူး..."

လက်လေးနှစ်ဖက်ဆန့်တန်းပေးကာချွဲနေသည့် ထယ်ယောင်း။

" အမလေးဘေဘီရယ် ချီရတာပေါ့ဗျာ...အိုမီဂါလုံးလုံးလေးရဲ့..."

ပွေ့ချီကာ ဆိုဖာအနားထိခေါ်သွားသည်။
ဗိုက်လေးကလည်းလုံးလုံးလေးပင်။
အကြောင်းက ထယ်ယောင်းနောက်ထပ်ကိုယ်ဝန်လွယ်ထားတာကြောင့်ပင်။

" အိုမီဂါလုံးလုံးလေးက ငြိမ်ငြိမ်လေးထိုင်နေနော်...ကိုယ်ပဲအကုန်လုပ်လိုက်မယ်..."

ထယ်ယောင်း ဆိုဖာပေါ်ထိုင်လိုက်တော့
အိမ်ပေါ်ထပ်မှ ဝုန်းဒိုင်းကျဲကာပြေးဆင်းလာ
သည့်အမြွှလေးနှစ်ယောက်။
ထယ်ယောင်းကြည့်လိုက်တာနဲ့ ချက်ချင်းပြေးနေတာတွေရပ်သွားသည်။

" ထယ်ဂု၊ထယ်ဝန်း ပြေးပြန်ပြီလား ချောလဲမယ်လို့ခနခနပြောနေတယ်လေ..."

" ပြေးပါဝူး...ညေးမရေးက အရင်ပြေးရာ..."

သုံးနှစ်အရွယ်ကလေးလေးနှစ်ယောက်။
စကားလေးတွေကလည်း မပီကြသေး။

" သမီး ဖေဖေဘာပြောထားသလဲ..."

" တိုတို ရှောက်ကျောနေရာ ဖီဖီ...မီးက ပြေးဝူး..."

ထယ်ဂုနှင့်ထယ်ဝန်းတစ်ယောက်အပြစ်တစ်ယောက်ပုံချနေကြသည်။
ထယ်ယောင်းက စူပုတ်ပုတ်လေးလုပ်နေပြန်သည်။

My Omega Kim (Completed) Where stories live. Discover now