Part-2

9.5K 804 11
                                    

My Omega Kim

Part-2

(Unicode)

စံအိမ်တော်ထဲဝင်ဝင်ခြင်း မြင်လိုက်ရသည့်မြင်ကွင်းမှာ အတော်ပင်ဒေါသထွက်ခြင်းစရာကောင်းလှသည်။ ဖေဖေက အိန်ဂျယ်လာ၏ဆံပင်အားဆွဲကာ နောက်လက်တဖက်ဖြင့် ရိုက်ရန် လက်ရွယ်နေသည်ပင်။

" အိန်ဂျယ်လာကို မထိနဲ့... "

" သခင်လေး... "

" ကင်မ်ထယ်ယောင်း မောင်လေး..."

ဖေဖေသည် အိန်ဂျယ်လာကို လွှတ်လိုက်ကာ
သူ့စီသို့တန်းတန်းမတ်မတ်လျှောက်လာသည်။

ဖြန်း!...

" မင်းကို ဒီစံအိမ်ထဲက မထွက်ဖို့သတိပေးထားတယ်မလား... "

ညာဖက်ပါးပြင်ပေါ်သို့ ကျရောက်လာသည့် ရိုက်ချက်ကြောင့် လူက ခနတော့ ပူထူသွားသည်။

"ဖေဖေ... ထယ်ယောင်းလေးကိုမရိုက်ပါနဲ့... "

" သမီး... သမီးနဲ့မဆိုင်တဲ့ကိစ္စကိုဝင်မပါနဲ့... "

" ကယ်​ပြောစမ်းပါအုံး... တော်တော်မှပျော်ခဲ့ရလား အိုမီဂါလေး..."

ထယ်ယောင်းတစ်ယောက် ဘာမှပြန်မပြောချေ။
ခေါင်းသာငုံ့ထားသည်ပင်။

" ကျွန်တော်မှားသွားပါတယ်... ဖေဖေပေးချင်တဲ့အပြစ်ပေးလို့ရပါတယ်... ဒါပေမဲ့ အိန်ဂျယ်လာ ကိုတော့မရိုက်ပါနဲ့... "

အိန်ဂျယ်လာသည် ဒူးထောက်လျက်လေးပင်...
ငြိမ်ငြမ်လေးနေနေသည်။

" မင်းအပြစ်မင်းသိရင်ပြီးရော... မင်းရော...မင်းရဲ့ ထိန်းတော်ကိုပါ ငါအပြစ်ပေးမှာစိတ်ချ... "

"ဖေဖေရယ် စိတ်လျော့လိုက်ပါတော့... ထယ်ယောင်းငယ်လေးလည်း အခုပြန်ရောက်ပြီပဲ..."

" သမီး... ဖေဖေဘာပြောထားလည်း ပါးစပ်လေးပိတ်ပြီးငြိမ်ငြိမ်လေးနေနေ..."

မမ ဟန်နာသည်လှပတဲ့ အိုမီဂါလေးဖြစ်သလို စိတ်သဘောထားလည်းကောင်းသည်။
သို့သော် ဖေဖေရဲ့ အမိန့်ကိုတော့ မဆန့်ကျင်ရဲပေ။

အစ်ကိုအကြီးဆုံးဖြစ်သူမှာတော့ ဖေဖေနည်းတူပင်။အင်အားကြီးသည့် အယ်လ်ဖာဖြစ်သလိုဖေဖေအမိန့်သာ နာခံတတ်သည်။
ဖေဖေရဲ့ လိုရာဆွဲလို့ရသည့် ရုပ်သေးရုပ်လေးပင်။

My Omega Kim (Completed) Where stories live. Discover now