Part-18

7K 541 6
                                    

My Omega Kim

Part-18

(Unicode)

ဖုံးကွယ်ခြင်းသည် ပြစ်မှုမြောက်နိုင်ပေမဲ့
ဖွင့်ချဝန်ခံလိုက်လျှင် လူတိုင်းအရာအားလုံးကို နားလည်ခွင့်လွှတ်ပေးနိုင်သည်ပင်။
သို့သော် ခွှင့်လွတ်ခြင်းဆိုသည်လူတိုင်းနှင့်မထိုက်တန်ပေ။

ယွန်းဂီ၏ ကူညီပေးမှုကြောင့် တရားခံကို ရှာတွေ့ခဲ့၍ ထယ်ယွန်းသည် ထောင်နန်းစံခဲ့ရသည်ပင်။
အရာအာလုံးက ငြိမ်းချမ်းပြီလို့ဆိုရပေမဲ့ ဂျောင်ဂုသည် ထယ်ယောင်း၏ ဖခင်ဖြစ်သူအား အခုထိ
ခွင့်မလွှတ်နိုင်သေးပေ။
အကြောင်းအရာတွေကို လုံးစုံမသိသေးကာဆော့ဂျင်ကြောင့် သူ၏ဖခင်သေဆုံးသည်ဟုထင်နေသေးသည်။

" ဂျွန်... ငါတို့ အပူပင်တွေကင်းတဲ့နေရာမှာ
သက်သက်နေရအောင်..."

" ဘာလို့လဲ ကိုယ့်ရဲ့ကင်မ်..."

" ငါမွန်းကျပ်တယ်ဂျွန်...မိသားစုဆိုတဲ့အရာက
မင်းနဲ့တွေမှာငါခံစားရတာ... အခုဆို ငါ့ဖေဖေကလည်း သားဆိုသည့်ဆက်နွယ်မှုကြောင့်သာ ငါ့ကို သူနဲ့အတူထားတာ... ငါတကယ့်ကို မိသားစု
ရဲ့ချစ်ခင်မှုကိုမရခဲ့ဘူး..."

"ကိုယ့်ရဲ့ကင်မ်... ကိုယ်တောင်းပန်ပါတယ်...
ကိုယ်ဒီစံအိမ်ကနေမထွက်သွားနိုင်ဘူး..."

ထယ်ယောင်းနှင့်ဂျောင်ဂုတို့သည် စံအိမ်ကြီး၏ ခြံထဲတွင် အပန်းဖြေရန်ပြုလုပ်ထားသည့်
အိမ်အသေးလေးထဲရှိအုတ်ဖြင့်ပြုလုပ်ထားသည့်ထိုင်ခုံလေးတွင်ထိုင်နေသည်။
ဂျောင်ဂု၏ပခုံးလေးကိုမှီကာ စကားပြောရင်းနှင့်ပင်။

" ငါ့ဖေဖေကို မင်းမုန်းတယ်ဆိုတာငါသိပါတယ်ဂျွန်..."

" ကိုယ်မုန်းတာက ဝန်မခံတာကိုပဲ... အိုမီဂါလေးရဲ့ဖေဖေသာ အကြောင်းစုံဝန်ခံခဲ့ရင် ကိုယ်ခွင့်လွှတ်ကောင်း ခွင့်လွှတ်နိုင်မယ်..."

" ငါ့ကိုတော့ မမုန်းပါနဲ့နော်...ဂျွန်..."

" ကိုယ့်ရဲ့ကင်မ်...မင်းကို ဘယ်တုန်းကမှမမုန်းခဲ့ဘူး... အရင်ကပြုမူခဲ့တာကလည်း အိုမီဂါလေးရဲ့
ဖေဖေ တုံ့ပြန်မှုကိုသိချင်လို့ပါ..."

ဂျောင်ဂု ထယ်ယောင်းအား မုန်းတယ်ဟုဆိုတာ နှိပ်စက်ခဲ့ခြင်းသည်က ဆော့ဂျင်၏ တုံ့ပြန်မှုကိုသိချင်၍ပင်ဖြစ်သည်။
သို့သော် ဆော့ဂျင်သည်ဂရုမစိုက်ခဲ့ပေ။

My Omega Kim (Completed) Where stories live. Discover now