My Omega Kim
Part-20
(Unicode)
အချိန်တွေက ကုန်ဆုံးတာမြန်ဆန်သည်ဟုထင်ရပေမဲ့ ကိုယ့်ဘဝရဲ့ ချစ်သောသူနဲ့ ဖြတ်သန်းရမည်ဆိုအချိန်တွေကရပ်တန့်နေသလိုပင်။
ဂျောင်ဂုနှင့်ထယ်ယောင်းတို့ ကင်မ်စံအိမ်တော်တွင်မနေကြတော့ပေ။
သူတို့နှစ်ဦးသက်သက် ကိုယ်ပိုင်တိုက်လုံးချင်းအိမ်လေးတွင် ခွဲနေတော့သည်။ စံအိမ်ကြီးကိုတော့ အိန်ဂျယ်လာအားစောင့်ကြည့်ကာနေခိုင်းထားသည်ပင်။အိုမီဂါလေးကင်မ်သည်လည်း ဗိုက်လေးကအမြွာဗိုက်လေးဖြစ်တာကြောင့် တော်တော်လေး
ထွက်နေသည်။မွေးရမည့်ရက်ကလည်းတဖြည်းဖြည်းနီးကပ်လာသည်။ကိုယ့်တို့ဘဝထဲ မကြာခင်ရောက်လာတော့မည့်
သားလေးနဲ့သမီးလေးကို အရမ်းတွေ့ချင်နေပြီ
ကိုယ့်ရဲ့ကင်မ်..."ဂျွန်... အီးဟီး... ဂျွန်ရေ...လုပ်ပါအုံး..."
" ကိုယ့်ရဲ့ကင်မ်...ဘာဖြစ်တာလဲ..."
" အဟင့်...ငါ့အင်္ကျီတွေမတော်တော့ဘူး...ငါဝလာပြီ..."
အော်...ဘာများဖြစ်လို့လဲဆိုပြီး လန့်နေတာ
ဒီအိုမီဂါလုံးလုံးလေးကတော့လေကိုယ်ဝန်
ကြောင့်အင်္ကျီကြယ်သီးလေးတပ်မရတာပဲ ဝလာတယ်ထင်နေပြန်ပြီ။" အိုမီဂါလေးရယ်... ဝလာတာမဟုတ်ပါဘူး..."
" ဟုတ်တယ်... ဒီမှာကြည့်..."
မှန်ရှေ့တွင်ရပ်ကာ ညအိပ်အင်္ကျီလေးဝတ်နေသည်။ကြယ်သီးတွေက ဗိုက်လုံးလုံးလေးနေရာရောက်တော့ စိလို့မရတော့ပေ။
" ဟာ... ကိုယ်ရဲ့ကင်မ်ကတော့ကွာ... အဲ့အင်္ကျီတွေကဝတ်လို့မှမရတာ..."
" ဟုတ်တယ်လေ...ဝတ်မရတော့ဘူး...အဟင့်...
ငါဝလာလို့လေ..."" လုံးလုံးလေးကတော့ ကိုယ့်ကိုနောက်နေပြန်ပြီ...
အဲ့တာတွေက အရင်တုန်းကအင်္ကျီတွေလေ...ဘယ်ဝတ်လို့ရပါ့မလဲ...""တွေ့လား...မင်းငါငိုတာကိုကျဂရုမစိုက်ဘူး...
အင်္ကျီအကြောင်းပဲပြောနေတယ်...ဂျွန်...မင်းငါ့ကိုမချစ်တော့ဘူးမလား..."ခက်လှချေရဲ့ အိုမီဂါလေးရယ်။
ရစ်စိန်လေးဖြစ်နေပါရောလား။
အင်္ကျီအကြောင်းပြောလို့လည်းပြောပေးရသေးတယ်။အခုကြည့် ငိုနေတဲ့ဘက်ကိုလှည့်သွားပြန်ပြီ။
![](https://img.wattpad.com/cover/301676885-288-k63459.jpg)
DU LIEST GERADE
My Omega Kim (Completed)
Fanfictionကိုယ်နဲ့မင်း ကမ္ဘာတည်သရွေ့ မရိုးနိုင်သော ချစ်ခြင်းတွေနဲ့ချစ်သွားကြမယ်... ကိုယ်နဲ့မင်း ကမ္ဘာတည်သရွေ့ မရိုးနိုင်သော ချစ်ခြင်းတွေနဲ့ချစ်သွားကြမယ်... Top- Jeon Jungkook Bottom- KimTaehyung