My Omega Kim
Part-19
(Unicode)
အချိန်တွေကြာမြင့်ခဲ့သည်မှာ တစ်နှစ်ပင် ရှိချေပြီ။
အရာအာလုံးဟာလည်း ငြိမ်းချမ်းခဲ့သည်ပင်။ ဖေဖေဆော့ဂျင်နှင့်အဖေနမ်ဂျွန်းမှလည်း ခရီးတွေထွက်နေကြသည်။
သူတို့နှစ်ဦး၏ချစ်ခြင်းတွေလည်း ပြန်လည်မွေးဖွားလာခဲ့သည်ပင်ဖြစ်၍ လက်ထပ်လိုက်ပြီးဖြစ်သည်။ထယ်ယောင်း သူနှင့်အတူအိပ်နေသည့် ဂျောင်ဂု မျက်နှာအစိတ်အပိုင်းနှင့်ကိုယ်ခန္ဓာကိုယ်အား အသေးစိတ် ထိုင်ကြည့်နေသည်ပင်။
ဂျွန်ပြုံးလိုက်ရင် အကြိမ်ကြိမ်သေတယ်။
မင်းကပြောတယ် မင်းကိုငါကပြုစားနေတယ်တဲ့ဂျွန်။အဲ့တာမှားတယ်။မင်းကသာ ငါ့ကိုပြုစားနေတာ ငါကသာအကြိမ်ကြိမ်ကျရှုံးနေခဲ့တာ။
အရမ်းချစ်တယ် ဂျွန်။" ဟိတ်... မိပြီ... ကိုယ့်ပုံခိုးရိုက်နေတဲ့ နတ်သားလေး..."
" ဂျွန်..."
" လာခဲ့... ဘယ်သူကခွင်ပြုလို့လဲ... "
" ခစ်... ခစ်...ခစ်....ဂျွန်...မလုပ်နဲ့...ယားတယ်..."
ဂျောင်ဂု သူအိပ်နေသည့်ချိန်ဓာတ်ပုံခိုးရိုက်နေ
သည့် ထယ်ယောင်းအားဆွဲကာကလိထိုးနေသည်ပင်ဖြစ်သည်။" ပြပါအုံး...ကိုယ့်အိုမီဂါလေးရိုက်ထားတဲ့ပုံတွေ..."
" မပြချင်ပါဘူး..."
" ဟာ...အဆိုးလေး...ကိုယ့်ပုံတွေကျ ခိုးရိုက်ပြီးတော့နော်...အဲ့လိုလုပ်လို့ရမလား..."
" မပြချင်ပါဘူးဆို..."
" အိုမီဂါလေးကကိုယ့်ကို စမ်းနေတာလား..."
ထယ်ယောင်း ကင်မရာလေးအားကိုင်ထားကာဂျောင်ဂုအားမပေးချေ။
" မဟုတ်ပါဘူး..."
" မပြချင်လည်း ထားပါ... ဒါပေမဲ့ ကိုယ်နဲ့ရေအတူချိုးရမယ်..."
" ဂျွန်နော်...မင်း အလုပ်ရှိတယ်မလား..."
" အလုပ်ကနောက်ကျလည်း ရတယ်...ဂျန်းနဲ့အယ်လီရှိတယ်..."
ဂျောင်ဂုတို့သည် ကင်မ်စံအိမ်၏လုပ်ငန်းမှန်သမျှကို ကြည့်ရှာနေရသည်။
အဘယ်ကြောင့်ဆို နမ်ဂျွန်းနှင့်ဆော့ဂျင်တို့သည် လက်ထပ်ပြီးကတည်းက နိုင်ငံပေါင်းစုံကို ခရီးထွက် အပန်းဖြေနေသည်ဖြစ်သောကြောင့်ပင်။
CZYTASZ
My Omega Kim (Completed)
Fanfictionကိုယ်နဲ့မင်း ကမ္ဘာတည်သရွေ့ မရိုးနိုင်သော ချစ်ခြင်းတွေနဲ့ချစ်သွားကြမယ်... ကိုယ်နဲ့မင်း ကမ္ဘာတည်သရွေ့ မရိုးနိုင်သော ချစ်ခြင်းတွေနဲ့ချစ်သွားကြမယ်... Top- Jeon Jungkook Bottom- KimTaehyung