Part-10

6.4K 567 13
                                    

My Omega Kim

Part-10

(Unicode)

ဂျွန်က မနက်အစောကြီးအကိုကြီးနမ်ဂျွန်းတို့နှင့်အတူ အပြင်ကိုအလုပ်ရှိသည်ဟူ၍
ထွက်သွားသည်။

ထို့ကြောင့်ထယ်ယောင်း အိမ်တွင် အယ်လီနှင့်သာအတူကျန်ခဲ့လေသည်ပင်။

" အကိုဂျောင်ဂုကို ဘယ်လိုစတွေ့တာလဲ..."

" နှင်းတွေကျတဲ့အချိန် အိမ်အပြင်ကိုခိုးထွက်တုန်းကလမ်းမှာတွေ့ခဲ့တာ..."

" နှင်းတွေကျနေတယ်ဆိုတော့ လုံးဝရိုမန်တစ်ဆန်နေမှာပဲ... "

" အင်း..."

"အကို ထယ်ယောင်းက အရမ်းလှတယ်နော်...မျက်လုံးလေးကလည်းအစိမ်းလေး...တစ်ကိုယ်လုံးအပြစ်ပြောစရာကိုမရှိဘူး...
အယ်လီလည်း အကို့လိုလှချင်လိုက်တာ... "

အယ်လီသည် ထယ်ယောင်း၏ မျက်နှာလေးအားကြည့်ကာပြောနေသည်ပင်။
အိမ်မှာဘယ်သူမှမရှိတော့ ထယ်ယောင်းသည် အယ်လီနှင့်အတူဧည့်ခန်းတွင် ကာတွန်းကား
ကြည့်ကာကျန်နေခဲ့သည်။

ကာတွန်းကားကြည့်မယ်တဲ့ ဒီကလေးမလေးကတော့ တော်တော်ချစ်ဖို့ကောင်းတာပဲ။

အယ်လီသည် ချစ်ဖို့ကောင်းသည်ကောင်မလေးပင်ဖြစ်သည်။ ဟန်ဆောင်မှုကင်းသည့် ပုံစံလေးက သူမ၏ရိုးသားမှုကိုဖော်ပြနေသလိုပင်။
အယ်လီနဲ့အတူရှိနေမှပဲ အိန်ဂျယ်လာကိုပိုသတိရလာမိသည်။

အခုဆို အိန်ဂျယ်လာရောအဆင်ပြေပါ့မလား။ဖေဖေတို့များနှိပ်စက်နေပြီလား။
အိန်ဂျယ်လာကိုတွေးမိတော့ သူမအတွက်စိုးရိမ်စိတ်ဝင်လာပြန်လေသည်ပင်။

" အကို ထယ်ယောင်း... အယ်လီနဲ့အတူ ခေါက်ဆွဲပြုတ်စားရအောင်... "

ကာတွန်းကြည့်နေရင်း ခေါက်ဆွဲစားမည်ဟု ရုတ်တရက်ပြောနေပြန်သည်။

" ခေါက်ဆွဲပြုတ်?... "

" အွန်း... အယ်လီဗိုက်ဆာနေပြီ... လာပါ... အယ်လီနဲ့တူတူစားရအောင်လေ... "

အယ်လီမှ ထယ်ယောင်း၏ လက်အားဆွဲကာ မီးဖိုခန်းထဲသို့အတင်းဆွဲခေါ်သွားသည်။

" အကိုထယ်ယောင်း ဒီမှာထိုင်နေ အယ်လီပြုတ်ကျွေးမယ်... "

ထယ်ယောင်းလည်း ထမင်းစား စားပွဲလေးတွင်ဝင်ထိုင်ကာ အယ်လီလုပ်သမျှလိုက်ကြည့်နေလိုရ်သည်။

My Omega Kim (Completed) Where stories live. Discover now