My Omega Kim
Part-4
(Unicode)
စံအိမ်အတွင်းသို့ ကြွရောက်လာသည့် ဧည့်သည်တော်များသည် ချမ်းသာလွန်းလှသည့် အသိုင်းအဝိုင်းကြီးတွေ ပင်ဖြစ်သည်။
စံအိမ်တော်ကြီး၏ အောက်ထပ်တွင် လူကုံထံအသိုင်းအဝိုင်းများ စီးပွားရေးပညာရှင်များအပြန်အလှန်စကားပြောနေသည်။
ခြံကြီး၏ အလယ်တွင်မိန့်ခွန်းပြောရန်နေရာလည်းပြင်ဆင်ထားသည်။ဂျောင်ဂုတစ်ယောက်ရှိန်ပိန်ခွက်လေးကိုကိုင်ထားကာအယ်လီနှင့်အတူရှိနေသည်။
သူတို့၏လုပ်ငန်းအားစမည်ဟု အမိန့်မကျသေးတာကြောင့်ပင်။" ဂျောင်ဂု... ငါပြောတာကြားရတယ်မလား... "
လက်တော့ပ်မှတစ်ဆင့်စံအိမ်တော်ကို ဂျောင်ဂု၏ မျက်မှန်မှတစ်ဆင့်အတိုင်းသားမြင်နေရသည်။
" ငါ့ကို ပြန်မဖြေနဲ့အုံး... မင်းကြားရရင် ခေါင်းငြိမ်လိုက်... "
ဂျောင်ဂုလည်း ဂျန်းပြောသည့်အတိုင်းပင်
ခေါင်းငြိမ်ပြလိုက်သည်။" ဂျောင်ဂု နောက်ငါးမိနစ်နေရင် အစီအစဥ်စလိမ့်မယ်။ ခြံထဲကိုကြွရောက်ဖို့ကြေငြာရင် အဲ့အချိန် လူတွေအကုန်အပြင်ထွက်လိမ့်မယ်... "
" ဂျောင်ဂု...Suga... အယ်လီ...အစီအစဥ်စတော့မယ်... သုံးယောက်စုနေကြတော့... "
နမ်ဂျွန်း၏ ပြောဆိုမှုကြောင့် Suga သည် သူ၏ ပါတနာလေးဖြင့်စကားဖြတ်ကာ ဂျောင်ဂုတို့နားရောက်လာသည်။
" အိုကေအစီအစဥ်စဖို့ 1.2.3. ဘွန်း... "
" ကြွရောက်လာကြသည့် ဧည့်သည်တော်များ
ခင်ဗျား စံအိမ်တော်အပြင်သို့ အားလုံး ကြွရောက်ပါရန် လေးစားစွာ ဖိတ်ကြားအပ်ပါသည် ခင်ဗျာ့..."ဂျန်း၏ နံပါတ်ရေတွက်မှုနှင့်အတူ စံအိမ်တော်မှ
အခမ်းအနားမှူး၏ ဖိတ်ကြားချက်ပါ ထွက်လာသည်။-
-
-" စလှုပ်ရှားကြတော့... "
ဧည့်သည်တွေများသဖြင့် ရှုပ်ယှက်ခက်နေကာဂျောင်ဂုတို့ သုံးယောက်၏ အစီအစဥ်လှုပ်ရှားတော့သည်။
YOU ARE READING
My Omega Kim (Completed)
Fanfictionကိုယ်နဲ့မင်း ကမ္ဘာတည်သရွေ့ မရိုးနိုင်သော ချစ်ခြင်းတွေနဲ့ချစ်သွားကြမယ်... ကိုယ်နဲ့မင်း ကမ္ဘာတည်သရွေ့ မရိုးနိုင်သော ချစ်ခြင်းတွေနဲ့ချစ်သွားကြမယ်... Top- Jeon Jungkook Bottom- KimTaehyung