My Omega Kim
Part-3
(Unicode)
ဂျောင်ဂုတစ်ယောက်နမ်ဂျွန်း ချိန်းထားသည့်နေရာသို့သွားရန် ပြင်နေသည်ပင်။ ဗီဒိုဘေးရှိအင်္ကျီချိတ်သည့်နေရာလေးတွင် ချိတ်ထားသည့် Suit ဝတ်ဆုံ နက်ပြာလေး။
Suit နက်ပြာရောင်လေးကိုဝတ်ဆင်ပြီး
ကိုယ်လုံးပေါ်မှန်ရှေ့ရပ်ကာမူ ဆံပင်ကို ဘေးခွဲကာ အနောက်သို့လှန်တင်လိုက်သည်ပင်။
လည်တိုင် နှစ်ဖက်အား ဆွတ်ကာဖြန်းလိုက်သည်မှာ ယောက်ျားဆန်ဆန် အနံ့ဖြစ်သည့် ရေမွှေးလေး။" အဲ့လောက်ဆိုပြည့်စုံနေပြီ... "
အနောက်ဆုံးအနေဖြင့် လည်သာဖြင့်ပြုလုပ်ထားသည့် ရှူးးဖိနပ်လေးအား စီးလိုက်ကာ
ချိန်းထားသည့် စီသို့ ဦးတည်လိုက်သည်ပင်။ဒီနေ့တော့ဂျောင်ဂု၏ စီးတော်ယာဥ်လေးဖြစ်
သည့် ဆိုင်ကယ်အနက်ရောင်လေးအား အနားပေးထားလိုက်သည်။ တက်စီဖြင့်သာချိန်းထားသည့်နေရာအား သွားလိုက်သည်ပင်။
နမ်ဂျွန်း၏ ခွင်အကြီးကြီးဟုသောစကားကြောင့်ဒီနေ့ ခိုးထုတ်ရမည့် ပစ္စည်းက ကြီးလောက်မည်ဟုထင်ရသည်။ဆင်ခြေဖုံး ရပ်ကွက်လေး၏ လမ်းကြားလေးတွင်ဂျောင်ဂုဆင်းလိုက်ကာ နမ်ဂျွန်းတို့အားလိုက်ရှာနေသည်။
ဒီနေရာလို့ပြောထားတာပါ။အခုသူတို့အရိပ်ယောင်တောင်မတွေ့ရဘူး။
ဘေးပတ်လည်ကိုကြည့်မိတော့ အိမ်အပြောင်းအရွှေ့လုပ်သည့် ကားနှင့် အမဲရောင် Mercedes ကားတစ်စီးသာရပ်ထားသည်။ဒီလောက်စျေးကြီးပေးရတဲ့ကားက ဆင်ခြေဖုံးရပ်ကွက်ထဲဘာလာလုပ်တာလဲ။
ဖုန်းထုတ်ကာ နမ်ဂျွန်းနံပါတ်လေးအားနှိပ်
မည်အလုပ်..." ဂျောင်းဂု... ငါတို့က ဒီမှာဟ... "
အိမ်အပြောင်းအရွှေ့လုပ်ပေးသည့် ကားအတွင်းမှ မှန်တံခါးလေးချကာ လှမ်းအော်လိုက်သည့်
ဂျေဒင်..." ဟေး... မင်းတို့ကောင်တွေဒီကားကြီးနဲ့ဘာလုပ်နေတာလဲ... "
ကားတံခါးဖွင့်ကာ ကားအရှေ့အခန်းမှ ဆင်းလာသည့် ဂျေဒင်နှင့် နမ်ဂျွန်း...
![](https://img.wattpad.com/cover/301676885-288-k63459.jpg)
ŞİMDİ OKUDUĞUN
My Omega Kim (Completed)
Hayran Kurguကိုယ်နဲ့မင်း ကမ္ဘာတည်သရွေ့ မရိုးနိုင်သော ချစ်ခြင်းတွေနဲ့ချစ်သွားကြမယ်... ကိုယ်နဲ့မင်း ကမ္ဘာတည်သရွေ့ မရိုးနိုင်သော ချစ်ခြင်းတွေနဲ့ချစ်သွားကြမယ်... Top- Jeon Jungkook Bottom- KimTaehyung