(Min Yoongi's Life Story)

3.8K 283 3
                                    

(Unicode)

" မလုပ်ပါနဲ့... သားလေးကိုတော့ မရိုက်ပါနဲ့...."

" မေမေ...မေမေ...သားကို ကယ်ပါ... ဖေဖေကိုကြောက်တယ်..."

ခြေထောက်ကို ဖက်ပြီးတောင်းပန်နေသည်။
သူကသားလေးရဲ့ဆံပင်ကနေဆွဲပြီး အားနဲ့မျက်နှာပိစိလေးကို ရိုက်နေသည်။

" တောင်းပန်ပါတယ်...မလုပ်ပါနဲ့..."

သားလေးကို ဝင်ကာလိုက်သည်။
ရင်ခွင်ထဲထည့်ထားသည်။
ခြေထောက်နဲ့ ကန်ကြောက်တာကိုသူမ ခံနေရတာပင်။

" ငါ့အတွက်ပိုက်ဆံ ဆယ်သန်းလိုတယ်...
မနက်ဖြန်ရအောင်ရှာခဲ့... မရရင်မင်းကိုရော မင်းသားကိုရော ငါသတ်ပစ်မယ်..."

ဆိုဖာပေါ်ထိုင်ကာ စီးကရက်ကို သောက်နေသည်။
ကြမ်းပြင်ပေါ်မှသားအမိနှစ်ယောက်က ငိုနေကြသည်။

" လာ...သားလေး...မငိုနဲ့တော့နော်...မေရှေိတယ်နော်..."

" မေမေ..."

"ငါ့မျက်စိရှေ့ကနေ ထွက်သွားကြစမ်း!...ကျက်သရေတုန်းတဲ့ဟာတွေ!..."

သူမကလေးကိုချီပြီး အိပ်ခန်းလေးထဲ ဝင်သွားခဲ့သည်။

အယ်လ်ဖာဖြစ်ပြီး သနားကြင်နာမှုကင်းသည့်သူတစ်ယောက်။
မိန်းမနှင့်သားဖြစ်သူကိုလည်း အမြဲရိုက်နှက်ကာ
နှိပ်စက်တတ်သည်။

မချစ်ဘဲသူယူထားသည့် အိုမီဂါမိန်းကလေးတစ်ဦးကို စည်းစိမ်မက်လို့ ချစ်ဟန်ဆောင်ခဲ့သည်။
ကလေးငယ်လေးတစ်ဦးမွေးဖွားလာခဲ့သော်လည်း မချစ်ခင်ခဲ့။
ညတိုင်း လောင်းကစားလုပ်ဖို့အတွက် မိန်းမဖြစ်သူအိုမီဂါလေးကိုသာ ရိုက်နှက်နေခဲ့သည်။

အိပ်ခန်းတစ်ခုတွင်တော့..

" မကြောက်နဲ့တော့နော်...မေမေရှိတာမို့လို့...
သားလေးက အိပ်ပျော်အောင်အိပ်လိုက်နော်..."

" မေမေနာနေလား..."

လက်ပိစိလေးတွေက အမေဖြစ်သူရဲ့ မျက်နှာက
မညိုအမဲဒဏ်ရာတွေကို ထိကိုင်ကြည့်နေသည်။

" မေမေ့ အဂီးလေး...သားလေးက ဘယ်လိုအခြေအနေပဲဖြစ်ဖြစ်သန်မာနေရမယ်နော်... ကြားလား..."

My Omega Kim (Completed) Donde viven las historias. Descúbrelo ahora