Part-13

5.9K 543 18
                                    

My Omega Kim

Part-13

(Unicode)

မနက်ခင်းခပ်နွေးနွေးနေရောင်ခြည်တို့က
စံအိမ်တော်၏ အခန်းလေးမှတစ်ဆင့်
ကုတင်ပေါ်ရှိအိပ်ပျော်နေသည့် သူပေါ်သို့ကျရောက်နေလျက်ပင်။
ထိုအိပ်ပျော်နေသည့်သူမှာဂျောင်ဂုပင်ဖြစ်သည်။

နေရောင်ခြည်၏အလင်းကြောင့် လှုပ်လှုပ်ရှားရှားဖြစ်လာပြီး နိုးထလာကာ ရေချိူးခန်းထဲသို့တန်းဝင်သွားသည်။
သူ့အားမျက်နှာငယ်လေးဖြင့် ကြည့်နေခဲ့သည့် ထယ်ယောင်းအားဂရုပင်မစိုက်ချေ။

လှုပ်ရှားမှုမှန်သမျှ လိုက်ကြည့်နေခဲ့တယ်။
ငါ့မျက်နှာလေးကို တစ်ချက်လောက်ကြည့်ပါအုံးလား ဂျွန်။

"ဂျွန်... ငါကိုစိတ်ဆိုးနေတာလား... ငါဘာအမှားလုပ်မိလုပ်မိ ငါ့ကိုခွင့်လွှတ်ပေးပါ... "

" ဖိနပ်စီးပေး... "

" အော... စီးပေးမယ်... "

အခန်းအတွင်းရှိဆိုဖာပေါ်တွင်ထိုင်ကာ ထယ်ယောင်း ဖိနပ်စီးပေးနေသည်ကို သေချာစွာကြည့်နေသည်က ဂျောင်ဂု။

" ရပြီ... ဂျွန်... "

" အင်း... "

" ခန..ခနလေး...ဂျွန်... ငါပြောစရာရှိတယ်...
ငါ့အပေါ်ဘာလို့ အေးတိအေးစက်ဖြစ်နေတာလဲ...
ငါဘာလုပ်မိလို့လဲ... "

" ဖယ်စမ်း!... "

သူ့အားအနောက်မှသိုင်းဖက်ထားသည့် ထယ်ယောင်း၏လက်တွေကိုဖြုတ်ချကာ တွန်းထုတ်လိုက်သည်။

" ဂျွန်... "

"မင်းကအရမ်းကိုလွယ်လွန်းတယ်...မင်းလိုလူကိုလှည့်ဖြားဖို့အတွက် ငါ့မှာဘယ်လောက်တောင် သည်းခံခဲ့ရလဲ မင်းသိလား... "

" ဂျွန်... မင်းဘာတွေပြောနေတာလဲ... "

" ဘာလဲ...ငါက မင်းကိုချစ်လွန်းလို့လက်ထပ်တယ်လို့ထင်နေတာလား... "

" ငါ...နားမလည်ဘူး... မင်း ဘာတွေပြောနေမှန်းငါမသိဘူး... "

" အေးပေါ့ ဘယ်သိမလဲ... "

ထယ်ယောင်းမှာ ဂျောင်ဂုတွန်းလိုက်လို့ ပြုတ်ကျသွားသည့်အတိုင်းလေးပင်ရှိနေသည်။

My Omega Kim (Completed) Where stories live. Discover now