Part-14

6.2K 548 3
                                    

My Omega Kim

Part-14

(Unicode)

နှင်းပွင့်လေးတွေက လှပတယ်။
ဆောင်းရာသီရဲ့အလှက နှင်းလေးတွေပင်။သို့သော် လှပတဲ့အရာတွေကအန္တာရာယ်ရှိတတ်သည်။
ကမ္ဘာပေါ်မှာရှိတဲ့သက်ရှိတွေအားလုံးက
အန္တာရာယ်ရှိမှန်းသိရက်နဲ့ပဲ ထိုလှပတဲ့အရာကိုမှ
လိုချင်တပ်မက်ကာ စွန့်စားချင်ကြသည်။

လှပမှုက လူတွေကို ဒုက္ခအပေးတတ်ဆုံးအရာသည်ပင်ဖြစ်ကာ လိုချင်တပ်မက်မှု၊ပိုင်ဆိုင်ချင်မှု၊မနာလိုမှုတွေ ဖြစ်ပေါ်စေသည်။
ထိုအရာတွေမှတဆင့် လောဘ၊ဒေါသ၊မောဟတွေနဲ့ ပြည့်နေကာ ကိုယ်ကိုကိုယ် အန္တာရာယ်ဆိုသည့် ရပ်ဝန်းထဲသို့ တွန်းပို့နေကြသည်ပင်။

ထယ်ယောင်းသည်လည်း လှပသည့် အိုမီဂါလေးဖြစ်သည်။သို့သော် သူသည်လည်းအန္တာရာယ်ရှိသည့် အလှကိုပိုင်ဆိုင်ထားသည်ပင်ဖြစ်သည်။

" ဂျွန်... "

" ပြော... "

" ငါ့ကိုဘယ်ခေါ်သွားနေတာလဲ... "

" ရောက်ရင်သိမယ်... အသံမထွက်ဘဲသာလိုက်ခဲ့... "

အခုဆို ဂျွန်နှင့်လက်ထပ်ထားတာ တစ်လပြည့်တော့မည်ဖြစ်သည်။သူတို့နှစ်ဦးကြားဆက်ဆံရေးမှာတော့ အရင်လိုအေးစက်နေစဲပင်။
ဂျောင်ဂုသည် သူ၏ သာယာမှုအတွက်သာ ထယ်ယောင်းနှင့် အတူနေခြင်းပင်ဖြစ်သည်။

" ဆင်းတော့... "

" မင်းရဲ့အိမ်ပဲ... ဘာလို့ ငါ့ကို ခေါ်လာတာလဲ... "

"ငါ့ရဲ့အမေက မင်းကိုတွေ့ချင်တယ်ပြောလို့... "

" အဆင်ပြေပါ့မလား... "

" ဘာကိုလဲ... "

" ငါ့ကို တွေ့ရတာအဆင်ပြေပါ့မလား... "

" အဲ့တာတော့ငါလည်း မသိဘူး... ဘာလဲ...မင်းကအခုမှအရှက်ရနေတာလား... "

ထယ်ယောင်း ဂျောင်ဂု၏မိခင်နှင့် မျက်နှာချင်းဆိုင်ရမှာ အလွန်အားနာနေသည်။
သူတို့မိသားစုလုပ်ခဲ့သည့် အပြစ်တွေကြောင့်ပို၍ဆိုးလှသည်။

-
-
-

" သားဂျောင်ဂု... အမေ့သားမက်လေးရော... "

My Omega Kim (Completed) Donde viven las historias. Descúbrelo ahora