ရန်ကုန်မြို့ရဲ့ လူကုံထံတွေသာနေကြတဲ့ အိမ်ရာဝန်းထဲတွင် အလှမီးရောင်စုံများဖြင့်ထွန်းလင်းလျက်ရှိသည်။ ခြံဝန်းထဲတွင်လည်း လူကုံထံ ရာထူးကြီး လူများက လက်ထဲတွင် ဝိုင် ခွက်လေးကို ကိုင်လျက် အတုယောင် အပြုံးများဖြင့် ပြုံးကာ စကားပြောနေကြလျက်ရှိသည်။
ဒီနေ့က ရန်ကုန်မြို့ရဲ့ မျက်နှာဖုံး လူကုံထံတစ်ယောက် ဖြစ်တဲ့ ဦးသိန်းဇံ နဲ့ ဒေါ် ရွှေရည်တို့ ရဲ့ တစ်ဦးတည်းသော သမီးလေး စင်သီယာ ခေါ် စုမြတ် ရဲ့ မွေးနေ့ပင်ဖြစ်သည်။
စင်သီယာမှာ နိုင်ငံခြား၌ ပညာသင်ကြား ခဲ့ပြီး ပညာတတ်တစ်ယောက်လည်းဖြစ်သည်။ ယခုလက်ရှိ မြို့အုပ်မင်းကိုကိုမောင် ကို နှစ်ခြိုက်နေတဲ့ သူလည်းဖြစ်သည်။
ရန်ကုန်မြို့တွင်တော့ စင်သီယာ ခေါ် စုမြတ်မှာ အလှဘုရင်မ တစ်ပါးပင်။ ငယ်စဉ်ကတည်းက ဘုရင်မ တစ်ပါးလို့ နေခဲ့ရသောကြောင့် မာနကြီးသလို့ အဆင့်တန်းကိုလည်းခွဲခြားတတ်သူလည်းတစ်ဖြစ်၊ အခိုင်းစေများပေါ်တွင်လည်း မာထန်သည်ဟု နာမည်ကြီးသည်။
ခြံဝန်းထဲတွင် အနီရောင် ချိတ်ထမင်းလေးနှင့်အတူ ဆံပင်ကိုထုံးထားလျက် ခေါင်းတွင်လည်း နှင်းဆီအနီရောင်လေးကို ပန်ထားလျက်ရှိသည်။
ခြံဝန်းထဲသို့ ကားတစ်စီးဝင်လာခဲ့သည်။ လူတစ်ချို့ရဲ့ အမြင်အာရုံတွေဟာဆိုရင် ဝင်လာတဲ့ကားကို သာအာရုံစိုက်နေမိသည်။
ကားပေါ်မှ အဖြူရောင်လည်ကတုံးနှင့် အနက်ရောင်တိုက်ပုံ လေးကိုဝတ်ဆင်ထားလျက် ကိုမောင် ကားပေါ်မှဆင်းလာသည်။ပြီးနောက် သူ့ ဘေး၌ လက်ကို ချိတ်ထားလျက် ကောင်ငယ်လေးထွက်လာသည်။
ထူးဆန်းသောအကြည့်များဖြင့်ကြည့်နေကြတဲ့လူတစ်ချို့ကြောင့် ရောင်နီ မျက်နှာပင်မဖော်ရဲအောင်ငုံ့နေမိသည်။ ထိုအခါကိုမောင်က သူ့ရဲ့ လက်ကို ဆုပ်ကိုင်လျက် အထဲသို့ ဝင်လာခဲ့သည်။
"မတွေ့ရတာကြာပြီနော် မြို့အုပ်....."
ကိုမောင်က မရယ် မပြုံး ပဲ ပြန်တုန့်ပြန်နှုတ်ဆက်လိုက်သည်။
"......."
ပြီးနောက် စင်သီယာ တစ်ယောက် သူ့ရှေ့တွင် မြင်လိုက်ရတဲ့မြင်ကွင်းကြောင့် အရုပ်ကြိုးပျက် သလိုဖြစ်သွားခဲ့သည်။ ပြီးနောက်နှုတ်ဖျားမှ နာမ်စားလေးတစ်ခု အလိုလျောက်ထွက်သွားမိသည်။