"ရောင်နီ မတွေ့ရတာကြာရောပေါ့"
"ဟုတ်ပါ့နော်အရီးရေ နေလို့ကောင်းရဲ့လားဗျ"
ရောင်နီလည်းမတွေ့ရတာကြာနေပြီဖြစ်တဲ့ဆိုင်ချင်းကပ်ရက်ကသူကိုနှုတ်ဆက်လိုက်သည်။ကိုမောင်နဲ့အိမ်ထောက်ကျပြီးကတည်းကရောင်နီလည်း အပြင်လောကနှင့်ဝေးနေရသည်မှာကြာလှပြီဖြစ်သည်။
သို့ပေမယ့်သူ့အပေါ်အခုရက်ပိုင်းအရင်ကထက်ပိုကောင်းလာသလိုဆက်ဆံပုံကအစပြောင်းလဲလာသည်။တစ်ချိန်ကချစ်ခဲ့မိသည့်သူနှင့်မတူတော့ချေ။ရောင်နီနဲ့နှုတ်ဆက်နေရင်းပင်ထိုအဒေါ်ကြီးရုပ်မှာအနည်းငယ်ဝမ်းနည်းသယောင်ဖြစ်သွားသည်။
"နေလို့ကောင်းပါတယ်ရောင်နီရေ....လူလေးကိုတွေ့တော့ မင်းအဖေကိုသတိရလို့ပါ။"
ထိုအဒေါ်ပြောသလိုပင် သူလည်းတကယ်ပင်ဒီနေရာကိုရောက်တော့ ဖခင်ဖြစ်သူကိုသတိရမိသည်။တစ်ချိန်ကပျော်ဖို့ကောင်းခဲ့တာတော့အမှန်ပင်။လက်ဖက်ရည်ဆိုင်ဆိုတာထက် အမှတ်တရများစွာရှိနေသောဆိုင်တစ်ဆိုင်လည်းဖြစ်သည်။ဖခင်ဖြစ်သူကိုသတိရမိတိုင်းလည်းချစ်ရသောသူနှင့်ပက်သတ်နေမိမှာကို အလွန်းကြောက်ရွံနေမိသည်။
ဖခင်ဖြစ်သူမှာတစ်ချိန်ကဆိုင်ခန်းများကိုဖြိုချပြီးကုန်စုံဆိုင်ကြီးဖွင့်ရန်အတင်းကြပ်ဖယ်ခိုင်းခဲ့သောလူကုံထံများကို ငြင်းဆန်ကာအာခံ ခဲ့သောကြောင့်အသတ်ခံလိုက်ရခြင်းဖြစ်သည်။အသတ်ခံလိုက်ရပြီးနောက် လူများဆိုလာသည်ကထိုကိစ္စတွင် မြို့အုပ်မင်းကိုယ်တိုင် ပါဝင်နေသည်ဟုပင်။
လက်ဖက်ရည်ဆိုင်ကိုအမြဲဝင်ထွက်နေတဲ့မြို့အုပ်ကိုလူတိုင်းသတိထားမိကြသည်။ရောင်နီဖခင်ဆုံးပြီး နှစ်ပတ်အကြာမှာပဲ တစ်ခမ်းတစ်နားဖြင့် ရောင်နီကိုလက်ထပ်ယူခဲ့သည် ။ထိုအကြောင်းရာများကိုတွေးနေရင်းပင် မျက်ရည်များဝဲတက်လာသည်။
ရောင်နီက သက်ပြင်းချလိုက်ကာ
"ကျွန်တော်လည်းသတိရတယ်အရီးရေ ဒါနဲ့နောက်မကြာခင်တွေ့ရတော့မှာဆိုတော့အားရင်လာလည်ပါအုံးနော်"
"လာခဲ့ပါမယ် ရောင်နီရေ မင်းခင်ပွန်းကကျုပ်ကိုတော့ဘာမှမလုပ်ဘူးမလား"