ဒီနေ့မှာ မြို့အုပ်မင်းကိုကိုမောင်နဲ့ရောင်နီဆည်းဆာတို့ရဲ့မင်္ဂလာပွဲနေ့ပင်ဖြစ်တာကြောင့်တစ်ရွာလုံးအုတ်အော်သောင်းနင်းဖြစ်နေကြသည်။တစ်ဖက်ရွာမှရွာသူ/သားများပါလာကြသည်။မဏ္ဌိုင်ထဲတွင်လည်းလူများက ရောင်နီဆည်းဆာကိုတွေ့ချင်နေကြပြီးစူးစမ်းချင်နေကြသည်။
ဘယ်လိုဖြစ်ပြီးအမျိုးသားတစ်ယောက်က တစ်ခြားအမျိုးသားတစ်ယောက်ကိုကြိုက်သွားရလဲဆိုတာ ရွာသူ/သားမှာတစ်ချို့မှာတော့အဖြေရှာမရဝေဝါးနေဆဲဖြစ်တာကြောင့်ဖြစ်သည်။
"မောင့်အသက်ဘာလို့ထွက်မလာသေးတာလဲအောက်မှာစောင့်နေကြပြီ။"
အခန်းထဲ၌ကြီးတော်ဖြစ်သူအပြင်ညီမငယ်တွေရှိတဲ့နေရာမှာ "မောင့်အသက်" လို့ရုတ်တရက်ခေါ်လိုက်သည်ကြောင့် ရောင်နီရှက်သွေးဖြာသွားသည်။
"မောင်...!"
"ဗျာ...."
"အသက်လို့မခေါ်နဲ့မကြိုက်ဘူး။"
"အင်းအင်းဟုတ်ပါပြီ ကဲ ပြင်စရာလည်းမရှိတာကိုဘာလို့ထွက်မလာတာလဲ"
ကိုမောင်ကရောင်နီလက်ကလေးကိုဆုပ်ကိုင်လိုက်သည်။ဘယ်လောက်ရင်ခုန်နေလဲတော့မသိ လက်ဖျားများအေးစက်နေသည်မှာတော့သက်သေပင်။
"လက်ဖျားတွေကလည်းအေးစက်နေပါလားဘာဖြစ်လို့လဲမောင့်ကိုပြော"
"ဟို အဲဒါက....."
အသံမှာတုန်ယင်ပြီးတစ်ခုခုကိုစိုးရိမ်နေတဲ့ရောင်နီကြောင့်ကိုမောင်ကပြုံးကာလက်ကလေးကိုတင်းကြပ်စွာဆုပ်ကိုင်လိုက်ပြီး
"မောင့်ရဲ့လက်ကိုကိုင်ပြီးယုံကြည်စွာနဲ့မောင့်နောက်ကိုလိုက်ခဲ့ပါရောင်နီ မောင်ရဲ့ရောင်နီဆည်းဆာကိုဘယ်သူကမှမကောင်းမပြောစေရဘူး။"
ချစ်၍သက်ညှာ ထိုလူသားကို
ပါရီဖြည့်ကာ မောင့်အပါးတွင်ခိုးနာစေလျက်
မောင်ကအချစ်တွေပေးပါရစေလား။ရောင်နီလည်းကိုမောင်လက်ကိုဆုပ်ကိုင်ပြီးအိမ်အောက်သို့ဆင်းလာခဲ့သည်။ရင်ခုန်နေသလိုစိတ်လှုပ်ရှားနေမိသည်။ပထမဆုံးမဟုတ်ပေသော်ညား။မောင့်နှင့်အတူရှိတိုင်းအရာရာဟာပထမဆုံးအသစ်ဆန်းပင်။