ရန်ကုန်မြို့ထွက် လက်ပံပင်ကြီးအောက်တွင် ကိုမောင်တစ်ယောက်အပင်ကိုလက်ဖြင့် ထောက်လျက်မတ်တပ်ရပ်နေသည်။ ကုတ်အင်္ကျီအရှည်အမဲဝတ်ထားသည့်သူတစ်ယောက်က ကိုမောင်နားသို့လာကာ
"ငါစုံစမ်းခိုင်းထားတာသိရပြီလား"
"စိတ်ရှည်ပါ "
"ငါအစ်ကိုတစ်ယောက် သေဆုံးခဲ့ရတဲ့ကိစ္စကို ပြန်တွေးမိတိုင်း ငါအိပ်မပျော်ဘူး သည်ထက်ဆိုးတာ ရှိတယ်။"
"ကိုင်း ဆိုးတဲ့ကိစ္စလေးပြောကြည့်ပါအုံး"
"တစ်ချို့သောအရာတွေက အချိန်ကြာလာရင်မကောင်းဘူး။"
"တစ်ချို့သောအရာတွေဆိုတာ မင်းနဲ့ရောင်နီကြားကအရာလား"
"..........."
"ရောင်နီဆည်းဆာဆိုတဲ့ကောင်ငယ်လေးချစ်တာ မင်းအစ်ကိုဆိုတာကိုမမေ့နဲ့ပေါ့ သူကလည်း မင်းအပေါ်ကိုကောင်းနေတယ်ဆိုတာမင်းကို သူခင်ပွန်းထင်နေခဲ့လို့။"
"ငါသိတယ်။ငါအမှန်တရားကို အမြန်ဆုံးသိချင်တယ်။ပြီးတော့ ရှုပ်ထွေးလှတဲ့ ဒီမြို့တော်ကြီးကနေထွက်သွားချင်လှပြီ။"
"အို....မြို့တော်ကနေအမြန်ဆုံးထွက်သွားချင်တယ်ဆိုတာရောင်နီဆည်းဆာဆိုတဲ့ကောင်ငယ်လေးနဲ့ဝေးအောင်ရှောင်ပြေးခြင်းလား။"
"သူ့အကြောင်းပြောတာသည်လောက်နဲ့တော်သင့်ပြီ။"
"အမှန်တရားဆိုတာ အချိန်တန်ရင်သူအလိုလိုပေါ်လာပါလိမ့်မယ်။ပြီးတော့ စုမြတ်ဆိုတဲ့ မိန်းကလေးကိုသတိထားနေပါ။သူဟာ မင်းအစ်ကို ကို သိပ်သဘောကျခဲ့တာ။"
"အစ်ကိုကရော သူကိုကြိုက်တယ်တဲ့လား"
"မင်းအစ်ကိုဖြစ်သူရဲ့နှလုံးကိုရထားတာမလားသည်တော့ မင်းအစ်ကို ဘယ်သူကိုနှစ်ခြိုက်နေတယ်ဆိုတာလည်း မင်းသိမှာပဲ"
"အစ်ကိုသေဆုံးခဲ့တာ စုမြတ်နဲ့ ဆိုင်နေသလား"
"ကျုပ်သွားတော့မယ် မြို့အုပ် နောက်သေချာတဲ့သက်သေရတာနဲ့ ခင်ဗျားဆီလာတွေ့လှည့်ပါမယ်။ဂရုစိုက်ပါ။"
******************
ရန်ကုန်မြို့လမ်းမပေါ်သို့ ကားလေးတစ်စီးမှာတစ်ရွေ့ရွေ့ဖြင့်မောင်းနှင်လာခဲ့သည်။ကားမောင်းလျက်ဘေးပတ်လည်ကိုကြည့်တော့ လူများအလုပ်ကိစ္စများဖြင့်ရှုပ်နေဟန်ပေါ်သည်။