ကိုမောင်ပြန်လာတော့ရောင်နီက ဓါတ်ပုံလေးကိုဖက်လျက် အိပ်ပျော်နေသည်။ သည်တော့ ကိုမောင်က ပုံလေးကိုဆွဲယူပြီးနောက် နေရာတွင်ပြန်ထားကာရောင်နီကိုစောင်ခြုံပေးလိုက်သည်။
"အမှန်တရားတွေသိလာတဲ့တစ်နေ့ကျရင် မောင့်ကိုထားပစ်ခဲ့မှာလားရောင်နီ"
**********
နောက်တစ်ရက်မနက်ထမင်းစားခန်းတွင် ရောင်နီကပြင်ဆင်စရာရှိတာပြင်ဆင်နေရင်းကိုမောင်က ထမင်းစားခန်းကိုဝင်လာကာ"ဘာတွေလုပ်နေတာလဲရောင်နီ"
"မောင်ကြိုက်တဲ့ နန်းကြီးသုပ်မလို့လေ"
"အင်း..ညနေ့ကျရင်မောင် စင်သီယာတို့နဲ့တွေ့ဖို့ရှိတယ်။အလုပ်ကိစ္စအတွက်ပဲ သည်တော့ ရောင်နီလိုက်ချင်သေးလား"
နန်းကြီးသုပ်ပန်းကန်လေးကို ကိုမောင်ရှေ့တွင်ချကာ ပြုံးပြလျက်
"ဟင့်အင်း မလိုချင်ဘူးမောင်အေးဆေးသွားနော်"
"စင်သီယာရှိတယ်ဆိုပေမယ့်"
"မောင့်ကိုယုံတာမို့ သူ့ဘက်ကဘာကြီးပဲဖြစ်နေပါစေရတယ်။ကိစ္စမရှိဘူး အပြန်ကျရင် ကိုယ်ဘာသာပြန်လာခဲ့မယ်။"
"ကျေးဇူးတင်ပါတယ်ရောင်နီ"
"မောင်နဲ့ ကျွန်တော့်ကြားမှာသူစိမ်းဆန်တဲ့စကားမျိုးမပြောပါနဲ့မောင်"
ကိုမောင်လည်း ရောင်နီကျွေးတဲ့နန်းကြီးသုပ်ကိုသဘောကျနှစ်ခြိုက်စွာစားလိုက်သည်။
"အရသာရှိတယ်ရောင်နီ"
"ရှိရမှာပေါ့မောင့်အတွက် ချစ်ခြင်းမေတ္တာထည့်ထားတာလေ"
"........"
စားပြီးသည်နှင့် ရောင်နီကိုဆိုင်ရှေ့တွင်ချပေးကာ ကိုမောင်တို့လည်းထွက်သွားသည်။ရောင်နီလည်းဆိုင်ရောက်သည်နှင့်ကြည့်လိုက်တော့ ဖိုးတုတ်က ရောက်နေပြီဖြစ်ကာ ဆိုင်တွင်သူလုပ်ရမည့်အရာများကိုပါလုပ်နှင့်ပြီးနေပြီဖြစ်သည်။
"ဖိုးတုတ်မင်းကအလုပ်ကြိုးစားသားပဲ"
"ကျွန်တော်တို့ အစ်ကိုက နေစရာရောစားဖို့ရော လုပ်ခပါပေးထားတာလေ သည်တော့ကျွန်တော့်ဘက်ကလည်းဒီလောက်ပြန်လုပ်ပေးရတာမပင်ပန်းပါဘူး။"