ရုတ်တရက်ဆန်စွာမေးလိုက်တဲ့မေးခွန်းကြောင့် ရောင်နီတစ်ယောက် ခဏတာ ကိုမောင်ကို ကြည့်နေမိလိုက်သည်။အတန်ကြာမှ
"မောင့်ကိုချစ်တယ်ဆိုတာလေ မောင်ကမောင်ဖြစ်နေလို့ကိုချစ်တာ"
ရောင်နီ့အဖြေကို ကိုမောင်ကသိပ်သဘောမကျဟန်ဖြင့် စားပွဲတွင်ရှိတဲ့ ဆေးပေါ့လိပ်ကိုယူကာ မီးညှိ့လျက် သောက်လိုက်သည်။လေထဲတွင် ဆေးလိပ်ငွေ့များပြည့်နှက်နေသည်။ခဏအကြာကိုမောင်မှ
"တစ်ချိန်က မင်းကိုချစ်ဖူးတဲ့ ကိုမောင်ကသေဆုံးခဲ့ပြီရောင်နီ"
"ဗျာ မောင်ဘာကိုပြောတာလဲ"
"မင်းကိုတစ်ချိန်က ချစ်ခဲ့တဲ့ သူကသေသွားခဲ့ပြီ သည်တော့ အခုမင်းဘေးနားမှာရှိတဲ့သူကိုရော ချစ်သေးရဲ့လား"
ဆေးပေါ့လိပ်ကိုဖွာရင်းပြောနေသောစကားများကိုရောင်နီတကယ်ပင်နားမလည်တော့ပါ။ရောင်နီလည်း ကိုမောင်သောက်နေတဲ့ဆေးလိပ်ကို ယူလိုက်သည်။ပြီးနောက်
"ဆေးလိပ်တွေမသောက်နဲ့တော့မောင် "
ကိုမောင်လည်း ရုတ်တရက်သူ့လက်ထဲမှယူသွားသောကြောင့်ရောင်နီကိုမတားလိုက်နိုင်ပင်။သို့ပေမယ့် ပြန်မယူ
"သည်မှာ ရောင်နီဆည်းဆာ ငါကမင်းသိထားတဲ့သူတစ်ယောက်မဟုတ်ဘူးဆိုရင်တောင် ငါ့အနားမှာရှိနေပေးမှာလား"
ရောင်နီက ချက်ခြင်းအဖြေပေးလိုက်သည်။
"မောင်ဘာပဲဖြစ်နေဖြစ်နေ ကျွန်တော်က အမြဲ မောင့်ဘေးနားမှာ အရိပ်တစ်ခုအဖြစ်တည်ရှိနေမယ်။"
"ငါ့အရိပ်အဖြစ်ကနေရုန်းမထွက်ချင်တော့ဘူးလားရောင်နီအခုမင်းကိုထွက်သွားခွင့်ပေးနေတာ"
"ဟင့်အင်း မောင့်ကိုပြောဖူးပါတယ်။ သည်ဘဝမှာတော့ ကျွန်တော်ကမောင့်အပိုင်အဖြစ်မွေးဖွားလာသည်နဲ့တူပါရဲ့"
"ငါမင်းကို ထွက်သွားခွင့်ပေးတယ်နော်ရောင်နီ"
"တစ်ချိန်က ကျွန်တော်ထွက်ပြေးချင်တဲ့အချိန်မှာသာမောင်ခွင့်ပြုခဲ့ရင် ကျွန်တော်ငြင်းခဲ့မှာမဟုတ်ဘူး။အခုတော့ မောင့်ကိုရင်ဘက်တစ်ခုလုံးနဲ့ချစ်မိနေပြီမို့ မောင့်အနားကနေ ထွက်သွားဖို့ မဖြစ်နိုင်တော့ဘူး"