"မင်္ဂလာပါ ကျုပ်နာမည်ကဖိုးတုတ် မင်းကတင်မောင်ဝင်းဆိုတာလား"
ဖိုးတုတ်လည်း တင်မောင်ဝင်းကိုကြည့်ကာမေးလိုက်တော့
"ဟုတ်ပါတယ်။ အကိုလေးပြောတဲ့အကြော်ဆရာအသစ်မလားဗျ"
"ဟုတ်တယ်"
"အစ်ကိုက ကျွန်တော်နဲ့တစ်ခန်းတည်းပါဗျ တစ်ခုခုအကူညီလိုရင်ပြောပါ။"
"မင်းကဘာလုပ်တာလဲ"
"ကျွန်တော်က မြို့အုပ်ရဲ့လူယုံပါ။"
"အော်......"
အလုပ်သမားတန်းလျားထဲတွင် နှစ်ဦးသားမိတ်ဆက်လျက်ရှိသည်။စံအိမ်ထဲတွင်တော့
"ရောင်နီအရင်သွားအိပ်နှင့်တော့ မောင်သွားစရာလေးတစ်ခုရှိလို့"
"ဒီအချိန်မှဘယ်သွားမလို့လဲမောင်...."
"ဒီတိုင်းမောင်အရေးကြီးတဲ့သူတစ်ယောက်နဲ့တွေ့စရာရှိလို့ပါ။"
"ဂရုစိုက်သွားနော် "
ရောင်နီနဲ့နှုတ်ဆက်ပြီးနောက်ကိုမောင်လည်းကားမောင်းကာမြို့ပြင်သို့ထွက်လာခဲ့သည်။မြို့ပြင်ကလက်ပံပင်ရှေ့တွင်ကားကိုရပ်လိုက်သည်။ပြီးနောက်ဆေးပေါလိပ်တစ်လိပ်ကိုယူကာ မီးညှိ့လျက် သောက်နေလျက်ရှိသည်။
"ကိုင်း...ဘာတွေစိတ်ညစ်နေတာလဲ မြို့အုပ် ဆိုစမ်းပါဦး"
ကိုမောင်ကဆေးလိပ်ဖွာတာမပျက် ခန့်ကို ကိုကြည့်လိုက်သည်။
"ကြည့်ရတာတော့ ကျွန်တော်တို့ မြို့အုပ်အခက်တွေ့နေတယ်နဲ့တူတယ်။"
"မင်းဒီကိုဘယ်လိုရောက်လာတာလဲ"
"ကျွန်တော့်လိုလူအတွက်တော့ရန်ကုန်မြို့ဆိုတာကျဉ်းပါတယ်။ဒါနဲ့ဆိုစမ်းပါဦး ဘာကိစ္စဒီချိန်ကြီးဒီမှာဆေးလိပ်လာသောက်ရတာလဲ"
"........."
"မပြောချင်သပဆိုလည်းအတင်းကြပ်မမေးတာမို့ ကိစ္စမရှိဘူး"
"မင်းကဒီကိုဘာလာလုပ်တာလဲ"
"မင်းနဲ့စိတ်ချင်းဆက်နေတယ်နဲ့တူပါရဲ့ သတင်းထူးလေးတစ်ခုမသိချင်ဘူးလား"