ဒီနေ့က ကိုကိုမောင်နဲ့ ရောင်နီဆည်းဆာတို့ရဲ့ မင်္ဂလာဆောင်မယ့်နေ့ဖြစ်တာကြောင့်တစ်ရွာလုံးကရွာသူရွာသားအားလုံးမှာအလုပ်ရှုပ်နေသည်။
"အဲ့လောက်ထိမလိုပါဘူးအရီးရယ်"
"အိုကွယ်မဟုတ်တာ ကျုပ်တူလေးရဲ့မင်္ဂလာဆောင်လေသွားမင်းခင်ပွန်းနားပဲသွားနေလှည့်"
"ဗျာ ဟုတ် ကဲ့"
ကိုမောင်တစ်ယောက်လက်ပိုက်နေလျက်ပြုံးကာ ပြင်ဆင်နေကြတဲ့ရွာသူရွာသားများကိုကြည့်နေမိသည်။ရန်ကုန်မြို့တွင်တော့လူအများရှေ့၌ပြုံးရယ်ခြင်းသိပ်မရှိတဲ့ထိုသူကအခုကျပြုံးရယ်နေသည်မှာသူမဟုတ်တဲ့အတိုင်းပင်။ဆေးရုံကဆင်းတဲ့နေ့ကတည်းကတစ်ခါတစ်ရံ အထူးဆန်းပင်ဖြစ်သေးသည်။
အမြွှာညီလေးဆုံးရှုံးလိုက်ရသောခံစားချက်မှာပြောမပြတတ်လောက်အောင်နာကျင်မှုဆိုတာသိသည်။လုပ်ကြံမှုဖြစ်သည့်နေရာတွင် ကိုကိုမောင်နှင့်အတူ ကိုကိုချစ်ပင်အတူတူရှိသည်။သို့ပေမယ့်ထို့နေက အစ်ကိုဖြစ်သူ လုပ်ကြံခံရမည်ကိုသိသောကြောင့် သေနတ်ရှေ့တွင်ကိုကိုမောင်အစားဝင်ခံခဲ့သည်။ကိုကိုချစ်မှာထိုနေရာတွင် သေဆုံးသွားခဲ့သည်။ကိုကိုမောင်မှာတော့ သတိရတစ်ချက်မရတစ်ချက်ဖြစ်နေ၏ သို့ပေမယ့် ကြောက်မက်ဖွယ်ကောင်းတဲ့အတိတ်ဆုံးကို ကိုမောင်မေ့ထားသင့်သည်မှာအကောင်းဆုံးပင်ဖြစ်မည်ထင်သည်။ထို့ကြောင့်လည်းမည်သူမျှကိုမောင်အားပြောပြခြင်းမရှိ။
ရောင်နီတစ်ယောက် ကိုမောင့်အနားသို့သွားလိုက်ပြီးလက်မောင်းလေးကိုတို့ထိလိုက်ကာ
"မောင်ဘာတွေသည်လောက်တောင်ပြုံးနေရတာလဲ"
"သည်မှာလေ ဦ်းလေးကြီးတို့မောင်တို့အတွက်စေတနာနဲ့သေချာအလုပ်ရှုပ်ခံနေရတာကိုကြည့်ပြီးသဘောကျလို့ပါ။"
"မောင် သဘောမကျလောက်ဘူးထင်နေခဲ့တာ။"
"သဘောမကျစရာလား ဒါပေမယ့်မင်းကိုတော့ပိုပြီးသဘောကျတယ်။"
ရှက်သွေးဖြာသွားတဲ့ရောင်နီမှာတော့ မျက်နှာတစ်ခုလုံးအနီရောင်အလား။
